Wunderlist နေရာအစားထိုးသွားမယ့် To Do app ကို Microsoft ထုတ်ဖော်မိတ်ဆက်

Microsoft အနေနဲ့ ဒီတစ်ပတ်မှာ To-Do app ကို အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ခဲ့ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ option တွေပါဝင်အောင် ဒီဇိုင်းပိုင်းပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ထုတ်ကုန် အမည်ကိုလည်း To-Do ကနေ To Do လို့ပြောင်းလဲခဲ့ပါတယ်။ လက်ရှိ To Do ဗားရှင်းအတွင်းက header အကြီးစားတွေနေရာမှာ နောက်ခံရုပ်ပုံတွေနဲ့ အရောင် template တွေကို theme အဖြစ် ပြောင်းလဲနိုင်ပါတယ်။ သုံးစွဲသူက Wunderlist မှာပါဝင်တဲ့ ဘာလင်တီဗီတာဝါ နောက်ခံကိုလည်း ရွေးချယ် အသုံးပြုနိုင်ပါသေးတယ်။ Microsoft ဟာ ကနဦးတုန်းက Wunderlist နဲ့ To Do ကိုပေါင်းစပ်ဖို့ ကြိုးစားခဲ့ပါတယ်။

To Do ကတော့ မူလ Wunderlist နဲ့အလွန်တူပြီး တစ်ခုချင်းစီကို စိတ်ကြိုက် ပြင်ဆင်နိုင်တဲ့အတွက် စာရင်းအပေါ်လိုက်လံပြီး ပုံစံကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ အခုဆိုရင် Android, Windows နဲ့ Mac တို့မှာလည်း Dark mode ပါဝင်လာပြီး ဒီလနှောင်းပိုင်းမှာ Apple ကဖြန့်ချိမယ့် iOS 13 မှာလည်း dark mode ကိုထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

နောက်ခံအသစ်တွေနဲ့အတူ Microsoft က ပြီးခဲ့တဲ့နှစ်တွေအတွင်းက အပြောင်းအလဲတွေကို Wunderlist သုံးစွဲသူတွေကို သတိပေးခဲ့ပါတယ်။ ဒီနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Mac ဗားရှင်းနဲ့ To Do ကိုစတင်ဖြန့်ချိခဲ့ပါတယ်။ To Do မှာ နေ့စဉ် အစီအစဉ်ဆောင်ရွက်တဲ့ feature ပါဝင်ပြီး Wunderlist မှာအသုံးပြုနိုင်တဲ့ စမတ်စာရင်းတွေကို အသုံးချနိုင်ပါတယ်။ My Day feature ကလည်း သုံးစွဲသူ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အကြံပေးပါတယ်။

စိုးထက်
Ref: TheVerge