WP-C26 FM Bluetooth Car Charger

သာမန် Car Charger တွေထက် ထူးခြားတဲ့ FM Bluetooth Car Charger ဖြစ်ပါတယ်။ DC 12V-24V ဖြစ်တဲ့အတွက် ကားကြီး၊ ကားငယ် မရွေး အသုံးပြုနိုင်သလို ချိတ်ဆက်မှုမြန်ဆန်တဲ့ နောက်ဆုံးထွက် Bluetooth 5.0 နဲ့ဖြစ်ပါတယ်။ USB အပေါက် (၂) ပေါက်ကို 17W အထောက်အပံ့ပေးထားလို့ မိုဘိုင်းဖုန်း အပြင် အခြား ထုတ်ကုန်တွေကိုလည်း လျင်မြန်စွာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယ USB ပေါက်က ဖုန်းအားသွင်းဖို့ အပြင် Memory Stick 32GB အထိ အသုံးပြုပြီး တေးသီချင်းများ နားထောင်ခြင်း၊ Micro SD Card ပေါက်မှလည်း 32GB အထိ စိုက်ပြီး တေးသီချင်း နားထောင်ခြင်းတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ယာဉ်မောင်းနှင်နေချိန် အလွယ်တကူ ဖုန်းကိုင်၊ ဖုန်းချ ပြုလုပ်ဖို့ Hands-free ခလုတ် ပါဝင်ပါတယ်။ FM Radio တွေကိုလည်း နှစ်သက်ရာလိုင်းနံပါတ်ရွေးကာ ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၁၁,၀၀၀ ကျပ် ဖြစ်ပါတယ်။ WK Brand Shop ကြီးများနဲ့ အမြို့မြို့အနယ်နယ်ရှိ Mobile ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««