World of Warcraft ကို Windows XP, Vista တို့တွင် ကစားနိုင်တော့မည် မဟုတ်

Blizzard အနေဖြင့် ယခုနှစ်ကုန်တွင် World of Warcraft, StarCraft II, Diablo III, Hearthstone နှင့် Heroes of the Storm ဂိမ်းများကို Windows XP နှင့် Windows Vista အတွက် ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Microsoft အနေဖြင့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထွက်ရှိခဲ့သော Windows ဗားရှင်းများ အတွက် ထောက်ပံ့မှုကို ပိတ်သိမ်းခဲ့ကြောင်း၊ သို့သော် သုံးစွဲတစ်ချို့ အနေဖြင့် ၎င်းတို့ကို ဆက်လက်အသုံးပြုနေ သေးသောကြောင့် ကုမ္ပဏီက ထောက်ပံ့ခဲ့ကြောင်း၊ Vista အပြီး အဓိက Windows သုံးခုရှိပြီ ဖြစ်ကြောင်း ဂိမ်းပရိသတ် အများစုအနေဖြင့် Windows ဗားရှင်းသစ်များအနက် တစ်ခုကို အဆင့်မြှင့်တင် သုံးစွဲလျက်ရှိကြောင်း Blizzard မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါဂိမ်းများသည် Windows XP သို့မဟုတ် Vista ပေါ်တွင် ကစားနိုင်မည် မဟုတ်သောကြောင့် လူတချို့အတွက် အခက်တွေ့မည် ဖြစ်သည်။ Dropbox အနေဖြင့် Windows XP ထောက်ပံ့မှုကို ပိတ်သိမ်းခဲ့သော်လည်း အခြား Windows ဝန်ဆောင်မှုများဖြစ်သော Chrome, Firefox, Gmail နှင့် Google Drive တို့မှာ Windows ဗားရှင်း အဟောင်းများအတွက် ဆက်လက်ထောက်ပံ့ဆဲ ဖြစ်သည်။

Ref: PCMag