World Learning’s English Language Program သင်တန်းအမှတ်စဉ် (၄) ကို အွန်လိုင်းမှ တက်ရောက်နိုင်မည်

အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေအတွက် World Learning’s English Language Program မှ သင်တန်းအမှတ်စဥ် (၄) အွန်လိုင်းသင်တန်းကို ဇွန် ၂၂ ရက် မှာ ဖွင့်လှစ်သွားမယ်လို့ American Center မှသိရပါတယ်။

အွန်လိုင်းသင်တန်းမှတစ်ဆင့် အင်္ဂလိပ်ဘာသာစကားကို သင်ယူလေ့လာခြင်း၊ လေ့ကျင့်အသုံးချနိုင်ခြင်းများအပြင် ၂၁ ရာစုခေတ်အတတ်ပညာများကိုပါ သင်ယူနိုင်ပြီး တက္ကသိုလ်အဆင့်နဲ့ လုပ်ငန်းခွင်အတွက် လိုအပ်သောအရည်အသွေး‌တွေကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ သင်တန်းသားအသစ်တွေအတွက် ၃၂၅,၀၀၀ ကျပ်ဖြစ်ပြီး ကျောင်းသားဟောင်းတွေအတွက် ၃၁၅၀၀၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာ မှာစာရင်းပေးသွင်းတက်ရောက်နိုင်ပြီး ကျောင်းသားအသစ်‌တွေကို အွန်လိုင်းမှ တစ်ဆင့် Placement Test ဖြေဆိုနိုင်ဖို့ ELP မှဆက်သွယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ