World Learning မြန်မာမှ အပတ်စဉ် (၂) သင်တန်းများကို အွန်လိုင်းမှ သင်ကြားမည်

World Learning မြန်မာအနေနဲ့ အပတ်စဉ် (၂) သင်တန်းတွေ ဖြစ်တဲ့ Electoral Observation, Foundations for Community Development နဲ့ Media Literacy for Civil Society စတဲ့ ဘာသာရပ် ၃ ခုကို အွန်လိုင်းကနေ သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။

World Learning မြန်မာအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အမေရိကန်စင်တာနဲ့ဂျက်ဖာဆင်စင်တာတို့မှာ ဖွင့်လှစ်ဖို့ စီစဥ်ထားသော်လည်း လက်ရှိ ကိုရိုနာကပ်ရောဂါ အခြေအနေကြောင့် ယခုလို အွန်လိုင်းမှ သင်ကြားရခြင်းဖြစ်တယ်လို့ ဖြစ်ပါတယ်။

ပုံမှန်ဖွင့်လှစ်နေကျ အိုင်ပေ့စ်အတန်းများနည်းတူ အွန်လိုင်းအတန်းများ တက်ဖို့ရန် အတွက် မည်သည့်အခကြေးငွေမှ ပေးစရာမလိုအပ်ဘူးလို့ သိရပါတယ်။ ဒေတာ သုံးစွဲခအနေနဲ့ သင်တန်းသားတစ်ဦးစီတိုင်းကို ဖုန်းဒေတာဖိုး တစ်ကြိမ်ပံ့ပိုးပေးသွားမှာလည်း ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ သင်တန်းလျှောက်လွှာကို ဒီနေရာမှာ ဒေါင်းလုတ်လုပ်၍ ဖြည့်စွက် လျှောက်ထားနိုင်ပြီး အသေးစိတ်ကို ipace.application@worldlearning.org ကို မေးလ်ပို့ကာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .