World-Class Education Exhibition 2020: Virtual Exhibition ပြုလုပ်မည်

နိုင်ငံတကာပညာရေးကို အိမ်မှာနေရင်း အွန်လိုင်းမှ လေ့လာနိုင်ဖို့ အတွက် World-Class Education Exhibition 2020: Virtual Exhibition ပညာရေးပြပွဲကို Regent ပညာရေးကုမ္ပဏီမှ ကြီးမှူးကာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြပွဲကို ဇူလိုင် ၁၂ ရက် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ Zoom Application နဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Virtual Exhibition မှာတက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေ အဆင်ပြေလွယ်ကူစေနိုင်ဖို့ အတွက် Regent Education မှ တာဝန်ခံတွေက အွန်လိုင်းမှ ကူညီပေးသွားမှာ ဖြစ်ပြီး Exhibition Link ကိုClick နှိပ်လိုက်ရုံနဲ့ ပညာရေး ပြပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ပြပွဲမှာ UK, USA, Australia, Switzerland, Canada, New Zealand, Singapore, Myanmar နိုင်ငံများရှိ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ပေါင်း (၁၂၀) ကျော်မှ ကျောင်းတာဝန်ခံတွေနဲ့ Virtual Exhibition မှာ တိုက်ရိုက် တွေ့ဆုံပြီး ဝင်ခွင့်သတ်မှတ်ချက်တွေနဲ့ ပညာသင်ဆုများစွာကို အသေးစိတ် ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ ဖုန်း ၀၉-၅၀-၁၉၈၇၀ ၊ ၀၉-၇၈၅၀-၁၉ ၈၇၀ သို့လည်းကောင်း အွန်လိုင်းမှ စာရင်းပေးသွင်းရန် https://forms.gle/CNQGgAVDxBBe1ZPH9 မှလည်းကောင်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

-သန္တာ