
Microsoft ဟာ Android နဲ့ iOS အတွက် Office app အသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။ Microsoft အနေနဲ့ Word, Excel နဲ့ PowerPoint စတဲ့ သီးခြား app တွေကို iOS နဲ့ Android အတွက် နှစ်ပေါင်းများစွာ ထောက်ပံ့ထားပါတယ်။ အခု Office app အသစ်ကတော့ download တစ်ခါတည်းလုပ်ပြီး အဲဒီ app တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူက app အတွင်း စာရွက်စာတမ်းတွေ ဖွင့်ကြည့်တာ ဒါမှမဟုတ် ဖုန်းကနေ စာသားနဲ့ ဇယားကွက်တွေကို scan လုပ်ပြီး အသစ်ဖန်တီးတာ ပြုလုပ်နိုင်ပါတယ်။
Office app အသစ်အတွင်းမှာ Word, Excel နဲ့ PowerPoint သီးခြားတစ်ခုစီက လုပ်ဆောင်ချက်အားလုံးကို ပေါင်းစပ်ထားပါတယ်။ အဲဒီ app တွေက လုပ်ဆောင်ပုံဆင်တူပေမယ့် Word, Excel နဲ့ PowerPoint သီးခြား app တွေထက် အရွယ်သေးငယ်အောင် ပြုလုပ်ထားပြီး app တစ်ခုထဲမှာ စုံလင်စွာ အသုံးပြုနိုင်ပါတယ်။
အခု app အသစ်က Microsoft အတွက် အဓိက hub တစ်ခု ဖြစ်လာပြီး လာမယ့် လအနည်းငယ်အတွင်း Word, Excel နဲ့ PowerPoint တို့ဆီ ဖြန့်ချိမယ့် feature သစ်ကိုလည်း ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Office app အသစ်မှာ ကွန်ပျူတာကနေ ဖုန်းကို ဖိုင်တွေလွှဲပြောင်းပေးတာ၊ ဓာတ်ပုံတွေကို စာသား ဒါမှမဟုတ် ဇယားကွက်တွေနဲ့ဓာတ်ပုံတွေကို PDF ပြောင်းတာနဲ့ QR ကုတ်တွေကို scan လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် PC ထက် ဖုန်းပေါ်မှာ အသုံးပြုနိုင်ဖို့ မြန်ဆန် အသုံးဝင်တဲ့ task တွေပါဝင်လာပါတယ်။
here’s what the new Office mobile app looks like on iOS. Lots of existing features surfaced in a clever way https://t.co/CVkPEpnb47 pic.twitter.com/Tv0M8d5XWQ
— TOM WARREN (@tomwarren) November 4, 2019
Office app သစ်အပြင် Microsoft က Office လိုဂိုအတွက် Fluent Design ဗားရှင်းကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း Microsoft က Office app တွေ အမျိုးမျိုးအတွက် icon တွေကို အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ Office လိုဂိုအသစ်က ပိုမို အရောင်အသွေး စုံလင်လာပြီး နှစ်အနည်းငယ်အတွင်း လိမ္မော်ရောင် လိုဂိုကိုပဲ အသုံးပြုနေတာ ဖြစ်ပါတယ်။ iOS နဲ့ Android အတွက် Office app မှာ လိုဂိုအသစ်ကို အသုံးပြုထားပါတယ်။ လာမယ့်လအတွင်း Office.com နဲ့ Microsoft ရဲ့အခြား Office app တွေမှာလည်း လိုဂိုအသစ်ကို အသုံးပြုမယ်လို့ သိရပါတယ်။
စိုးထက်
Ref: TheVerge