Woofer ပါဝင်သည့်ကြိုးမဲ့စပီကာ RB-M49

Woofer ပါဝင်တဲ့အတွက် Bass အသံပိုပြီးကောင်းတဲ့ Remax ရဲ့ RB-M49 ကြိုးမဲ့စပီကာဖြစ်ပါတယ်။ အသံထွက်ပါဝါ 15 Watt ရှိပြီး TWS စနစ်ကြောင့် အမျိုးအစားတူတွေနဲ့ ထပ်မံချိတ်ဆက်နိုင်ပါတယ်။ Bluetooth 5.0 ဖြစ်ပြီး TF Card, Memory Stick (USB), AUX Cable စတာတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Battery Capacity က 3000mAh ဖြစ်ပြီး အားပြည့်ချိန်မှာ ခြောက်နာရီကနေ ရှစ်နာရီအထိ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android & iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ အရောင်ကတော့ အဖြူနဲ့ အနက်ဆိုပြီး နှစ်မျိုးဝင်ရောက်လာပါတယ်။

တန်ဖိုးက ၄၅,၀၀၀ ကျပ်ဖြစ်ပါတယ်။ Remax Myanmar ဖုန်း – ၀၉၂၅ ၉၉၁၁၉၀၀ ကနေ တရားဝင် တင်သွင်းပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ Remax အရောင်းကောင်တာတွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ