Wolfenstein: Youngblood

[ Zawgyi ]

႐ုပ္ထြက္ေကာင္းေကာင္းန႔ဲ ပစ္ခတ္တိုက္ခိုက္ေရး ဂိမ္းသစ္ေလးေတြ စိတ္၀င္စားတယ္ ဆိုရင္ေတာ့ လံုး၀အသစ္ထြက္လာတဲ့ Wolfenstein က အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။ Version Update မဟုတ္ဘဲ အခုမွ အသစ္ထြက္လာတဲ့ဂိမ္းပါ။ ျပည္တြင္းမွာ အသံုးမ်ားတဲ့ PC အတြက္လည္းလာတယ္၊ Console အတြက္ ဆိုရင္ Nintendo Switch, PS4 နဲ႔ Xbox One ေတြ အတြက္လည္း လာပါတယ္။ ပစ္ခတ္ တိုက္ခိုက္ေရး ဂိမ္းစစ္စစ္ျဖစ္ၿပီး Single အေနနဲ႔ေရာ ႏွစ္ေယာက္တြဲ Multi အေနနဲ႔ပါ ကစားႏုိင္မွာ ျဖစ္ပါတယ္။

ဂိမ္းထဲမွာ အဓိကဇာတ္ေကာင္ ႏွစ္ေယာက္ပါရွိၿပီး ကစားသူက အဆိုပါ ဇာတ္ေကာင္ ႏွစ္ေယာက္ရဲ႕ ေနရာမွာေရြးခ်ယ္ ကစားႏုိင္ပါလိမ့္မယ္။ Single အေနနဲ႔ ကစားခ်ိန္မွာ ကစားသူက ႏွစ္သက္ရာ ဇာတ္ေကာင္ကို ေရြးခ်ယ္ကစားႏုိ္င္မယ္၊ က်န္တဲ့ဇာတ္ေကာင္ကို ဂိမ္းရဲ႕ AI စနစ္ကေန အလိုအေလ်ာက္ ၀င္ကစားေပးမွာပါ။ Multi အေနနဲ႔ ႏွစ္ေယာက္ကစားရင္ေတာ့ ဇာတ္ေကာင္ႏွစ္ေယာက္ အေပးအယူ မိမိနဲ႔ကစားလို႔ ပိုေကာင္းပါလိမ့္မယ္။

ဇာတ္လမ္းသြားပံုစံနဲ႔ တာ၀န္တစ္ခုၿပီးတစ္ခု ေအာင္ျမင္ေအာင္ ကစားရမွာပါ။ ရည္မွန္းခ်က္တစ္ခု ေအာင္ျမင္တုိင္း ေနာက္ထပ္ တာ၀န္တစ္ခုထပ္ရမယ္၊ ဆက္လက္ ကစားရမွာပါ။ ေနာက္ဆံုးအ ဆင့္ထိေအာင္ ၿပီးေျမာက္အႏုိင္ ရဖို႔အတြက္ အခ်ိန္ ၃ နာရီနဲ႔ အထက္ေပးၿပီးကစားမွ အႏိုင္ရပါလိမ့္မယ္။ ဒါေပမဲ့ Single အေနနဲ႔ ကစားရင္ ပိုၿပီးခက္ပါတယ္။ က်န္တဲ့ ဇာတ္ေကာင္တစ္ေကာင္က AI စနစ္နဲ႔ ျဖစ္ေနတဲ့အတြက္ မိမိလိုခ်င္သလို ျဖည့္စြက္ကစားေပးမႈ အားနည္းလို႔ အဆင့္တုိင္းအႏုိင္ရဖို႔ ခက္ခဲတာ ေတြ႕ရပါတယ္။

ကစားသူအေနနဲ႔ စြမ္းရည္ေတြ ျမင့္တက္လာဖုိ႔နဲ႔ လက္နက္ေတြ အားေကာင္းလာဖုိ႔ Gear နဲ႔ Ability ေတြလုိက္ၿပီး Upgrade လုပ္ဖုိ႔ လိုအပ္ပါတယ္။ ကစားခ်ိန္ရလာတဲ့ Point ေတြနဲ႔ လိုအပ္တဲ့ အပိုင္းေတြကို အဆင့္ျမႇင့္ရမွာ ျဖစ္ပါတယ္။ ဂိမ္းမွာ သေဘာအက်မိဆံုး အပိုင္းကေတာ့ ႐ုပ္ထြက္ျဖစ္ၿပီး 3D ႐ုပ္ထြက္ ပီျပင္လြန္းပါတယ္။ ပစ္ခတ္ခ်ိန္ေတြမွာ က်ည္ဆံေတြလြင့္ထြက္မႈ၊ မီးဖြားျဖာထြက္မႈေတြကအစ ပီျပင္လြန္းလွပါတယ္။ ကစားသူစိတ္ႀကိဳက္ျဖစ္မယ့္ အဓိကအခ်က္ပါပဲ။

ဇာတ္လမ္းသြားအရ တိုက္ခန္းေတြ၊ လူေနအိမ္ရာေတြအတြင္းမွာ ပစ္ခတ္ တိုက္ခိုက္မႈေတြအျပင္ ေျမေအာက္ စခန္းေတြမွာပါ ၀င္ေရာက္ တုိက္ခိုက္ရမႈေတြ လုပ္ေဆာင္ရမွာပါ။ သိပၸံေခတ္ ဆန္ဆန္ ဖန္တီးမႈနဲ႔ လက္နက္ဆန္းေတြ ပါမယ္၊ စက္႐ုပ္ ရန္သူေတြကို တိုက္ခုိက္ရမႈေတြပါမယ္၊ ရန္သူအမ်ားနဲ႔ ႏွစ္ေယာက္တည္း ရင္ဆိုင္ရမယ့္ ဂိမ္းျဖစ္ၿပီး လက္ေတြ႕ သိပ္မဆန္ေပမယ့္ ဂိမ္းအေနနဲ႔ေတာ့ စိတ္၀င္စားစရာေကာင္းေအာင္ ဖန္တီးထားႏုိင္တာ ေတြ႕ရပါတယ္။

ရန္သူကို အႏိုင္ရဖို႔ အဓိကလိုအပ္တဲ့ အခ်က္ကမိမိလက္နက္ကို အဆင့္ျမႇင့္ေနဖို႔ပါ။ ကစားသူအေနနဲ႔ ကၽြမ္းက်င္ေနရင္ေတာင္ မိမိလက္နက္က ရန္သူကိုပစ္ခတ္ႏုိင္မႈ အားနည္းေနရင္ အႏို္င္ရမွာမဟုတ္ဘဲ အခ်ိန္ၾကာလာရင္ ႐ႈံးသြားႏုိင္ပါတယ္။ ႏွစ္ေယာက္တည္းကစားရမယ့္ အေနအထားမို႔ ကစားသူက ရန္သူကိုရင္ဆိုင္ခ်ိန္ အာ႐ံုစိုက္ဖို႔နဲ႔ မိမိလက္နက္ေတြ အဆင့္ျမႇင့္ေနဖုိ႔ပဲအဓိက လိုအပ္ပါတယ္။ ရန္သူ႔စစ္တပ္ႀကီးကို သင့္အေနနဲ႔ ႏွစ္ေယာက္တည္းရင္ဆိုင္ဖုိ႔ အသင့္ျဖစ္ၿပီလား? Wolfstein ကေတာ့ အသင့္ျဖစ္ေနပါၿပီ။

[ Unicode ]

ရုပ်ထွက်ကောင်းကောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရေး ဂိမ်းသစ်လေးတွေ စိတ်ဝင်စားတယ် ဆိုရင်တော့ လုံးဝအသစ်ထွက်လာတဲ့ Wolfenstein က အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ Version Update မဟုတ်ဘဲ အခုမှ အသစ်ထွက်လာတဲ့ဂိမ်းပါ။ ပြည်တွင်းမှာ အသုံးများတဲ့ PC အတွက်လည်းလာတယ်၊ Console အတွက် ဆိုရင် Nintendo Switch, PS4 နဲ့ Xbox One တွေ အတွက်လည်း လာပါတယ်။ ပစ်ခတ် တိုက်ခိုက်ရေး ဂိမ်းစစ်စစ်ဖြစ်ပြီး Single အနေနဲ့ရော နှစ်ယောက်တွဲ Multi အနေနဲ့ပါ ကစားနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းထဲမှာ အဓိကဇာတ်ကောင် နှစ်ယောက်ပါရှိပြီး ကစားသူက အဆိုပါ ဇာတ်ကောင် နှစ်ယောက်ရဲ့ နေရာမှာရွေးချယ် ကစားနိုင်ပါလိမ့်မယ်။ Single အနေနဲ့ ကစားချိန်မှာ ကစားသူက နှစ်သက်ရာ ဇာတ်ကောင်ကို ရွေးချယ်ကစားနို်င်မယ်၊ ကျန်တဲ့ဇာတ်ကောင်ကို ဂိမ်းရဲ့ AI စနစ်ကနေ အလိုအလျောက် ၀င်ကစားပေးမှာပါ။ Multi အနေနဲ့ နှစ်ယောက်ကစားရင်တော့ ဇာတ်ကောင်နှစ်ယောက် အပေးအယူ မိမိနဲ့ကစားလို့ ပိုကောင်းပါလိမ့်မယ်။

ဇာတ်လမ်းသွားပုံစံနဲ့ တာဝန်တစ်ခုပြီးတစ်ခု အောင်မြင်အောင် ကစားရမှာပါ။ ရည်မှန်းချက်တစ်ခု အောင်မြင်တိုင်း နောက်ထပ် တာဝန်တစ်ခုထပ်ရမယ်၊ ဆက်လက် ကစားရမှာပါ။ နောက်ဆုံးအ ဆင့်ထိအောင် ပြီးမြောက်အနိုင် ရဖို့အတွက် အချိန် ၃ နာရီနဲ့ အထက်ပေးပြီးကစားမှ အနိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ Single အနေနဲ့ ကစားရင် ပိုပြီးခက်ပါတယ်။ ကျန်တဲ့ ဇာတ်ကောင်တစ်ကောင်က AI စနစ်နဲ့ ဖြစ်နေတဲ့အတွက် မိမိလိုချင်သလို ဖြည့်စွက်ကစားပေးမှု အားနည်းလို့ အဆင့်တိုင်းအနိုင်ရဖို့ ခက်ခဲတာ တွေ့ရပါတယ်။

ကစားသူအနေနဲ့ စွမ်းရည်တွေ မြင့်တက်လာဖို့နဲ့ လက်နက်တွေ အားကောင်းလာဖို့ Gear နဲ့ Ability တွေလိုက်ပြီး Upgrade လုပ်ဖို့ လိုအပ်ပါတယ်။ ကစားချိန်ရလာတဲ့ Point တွေနဲ့ လိုအပ်တဲ့ အပိုင်းတွေကို အဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ သဘောအကျမိဆုံး အပိုင်းကတော့ ရုပ်ထွက်ဖြစ်ပြီး 3D ရုပ်ထွက် ပီပြင်လွန်းပါတယ်။ ပစ်ခတ်ချိန်တွေမှာ ကျည်ဆံတွေလွင့်ထွက်မှု၊ မီးဖွား
ဖြာထွက်မှုတွေကအစ ပီပြင်လွန်းလှပါတယ်။ ကစားသူစိတ်ကြိုက်ဖြစ်မယ့် အဓိကအချက်ပါပဲ။

ဇာတ်လမ်းသွားအရ တိုက်ခန်းတွေ၊ လူနေအိမ်ရာတွေအတွင်းမှာ ပစ်ခတ် တိုက်ခိုက်မှုတွေအပြင် မြေအောက် စခန်းတွေမှာပါ ၀င်ရောက် တိုက်ခိုက်ရမှုတွေ လုပ်ဆောင်ရမှာပါ။ သိပ္ပံခေတ် ဆန်ဆန် ဖန်တီးမှုနဲ့ လက်နက်ဆန်းတွေပါမယ်၊ စက်ရုပ် ရန်သူတွေကို တိုက်ခိုက်ရမှုတွေပါမယ်၊ ရန်သူအများနဲ့ နှစ်ယောက်တည်း ရင်ဆိုင်ရမယ့် ဂိမ်းဖြစ်ပြီး လက်တွေ့ သိပ်မဆန်ပေမယ့် ဂိမ်းအနေနဲ့တော့ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။

ရန်သူကို အနိုင်ရဖို့ အဓိကလိုအပ်တဲ့ အချက်ကမိမိလက်နက်ကို အဆင့်မြှင့်နေဖို့ပါ။ ကစားသူအနေနဲ့ ကျွမ်းကျင်နေရင်တောင် မိမိလက်နက်က ရန်သူကိုပစ်ခတ်နိုင်မှု အားနည်းနေရင် အနို်င်ရမှာမဟုတ်ဘဲ အချိန်ကြာလာရင် ရှုံးသွားနိုင်ပါတယ်။ နှစ်ယောက်တည်းကစားရမယ့် အနေအထားမို့ ကစားသူက ရန်သူကိုရင်ဆိုင်ချိန် အာရုံစိုက်ဖို့နဲ့ မိမိလက်နက်တွေ အဆင့်မြှင့်နေဖို့ပဲအဓိက လိုအပ်ပါတယ်။ ရန်သူ့စစ်တပ်ကြီးကို သင့်အနေနဲ့ နှစ်ယောက်တည်းရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား? Wolfstein ကတော့ အသင့်ဖြစ်နေပါပြီ။