WK Y22 Wired Earphone

Bass သံပြင်းပြင်းနဲ့ နားဆင်ဖို့အတွက် နားကြပ်တစ်ဖက်စီမှာ 6mm Dynamic Speaker ထည့်သွင်းထားပြီး HiFi အသံထွက်စနစ်နဲ့ တေးသီချင်းတွေကို မြူးကြွစွာ နားဆင်ခံစားနိုင်မယ့် WK Y22 Wired Earphone ဖြစ်ပါတယ်။

အမြင်ဆန်းသစ်ပြီး ထူးခြားတဲ့ နားကြပ်ခေါင်းအကြည်နဲ့ နားကြပ် ဘေးကောက် ဒီဇိုင်းဟာ ဆွဲဆောင်မှုရှိနေမှာ ဖြစ်ပါတယ်။ နားအနောက်ကနေ တပ်ရတာကြောင့် နားမနာစေဘဲ သက်သောင့်သက်သာဖြစ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ကြည့်ချိန်နဲ့ ဂိမ်းဆော့ချိန်မှာ နားကြပ်ပေါက်နားကန့်လန့်မဖြစ်အောင် ၉၀ ဒီဂရီ ဂျပ်ပင်ခေါင်းနဲ့ ပုံဖော်ပြုလုပ်ထားတဲ့ Wired Earphone ဖြစ်ပါတယ်။ အဖြူ၊ အနက် အရောင်နှစ်မျိုးရှိတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

တန်ဖိုးက ၉,၅၀၀ ကျပ် ဖြစ်ပါတယ်။ WK Brand Shop တွေနဲ့ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««