WK V29 Neckband Wireless Earphone

ဆောင်းရာသီနံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ မြူးကြွတဲ့သီချင်းတွေနဲ့ လန်းဆန်းတက်ကြွစွာ လှုပ်ရှားခံစားနိုင်မယ့် WK V29 Neckband Wireless Earphone ဖြစ်ပါတယ်။ Bluetooth v5.0 ထောက်ပံ့ပေးထားပြီး 90mAh Battery ထည့်သွင်း အသုံးပြုထားပါတယ်။ ၂ နာရီအကြာ အားသွင်းရုံနဲ့ သီချင်းသံစဉ်တွေကို ၅ နာရီနီးပါး နားဆင်နိုင်မှာဖြစ်ပါတယ်။

Standby အနေနဲ့ဆိုရင်တော့ နာရီပေါင်း ၁၈၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသံအတိုးအလျှော့ ပြုလုပ်ခြင်းနဲ့ သီချင်းတွေကို ထိန်းချုပ်နိုင်မယ့် ခလုတ်တွေလည်း စုံလင်စွာ ပါဝင်ပါတယ်။ ပျော့ပျောင်းတဲ့ ရာဘာကိုင်းက လိုသလို ကွေးနိုင် ဆန့်နိုင်မှာ ဖြစ်ပါတယ်။ တန်ဖိုးက ၇,၀၀၀ ကျပ် ဖြစ်ပြီး WK Brand Shop တွေနဲ့ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းအရောင်းဆိုင်တွေနဲ့ ဖုန်း – ၀၉ ၂၅၃၅၃၄၄၀၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။