WK P8 Single Wireless Earbud

ဖုန်းပြောဆိုခြင်းနဲ့ သီချင်းနားထောင်ခြင်းတွေမှာ အသုံးပြုနိုင်မယ့် ကြိုးမဲ့နားကြပ် ဖြစ်ပါတယ်။ Bluetooth Version 5.0 နဲ့ဖြစ်တဲ့အတွက် ချိတ်ဆက်တဲ့အခါမှာလည်း လွယ်ကူမှာ ဖြစ်ပါတယ်။ နားကြပ်မှာ သိုလှောင်အား 30mAh ပါဝင်ပြီး Charging Box မှာ တော့ သိုလှောင်အား 150mAh ပါဝင်လို့ ၄ ကြိမ်ခန့် အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းပြောခြင်းနဲ့ သီချင်းနားထောင်ခြင်း အတွက် ၃ နာရီခန့် အသုံးပြုနိုင်သလို နားကြပ်အားကုန်နေရင်လဲ အားသွင်းချိန်က နာရီဝက်လောက်သာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ Charging Box ကို အားဖြည့်ဖို့အတွက်ကိုတော့ ၂ နာရီ အချိန်ပေးရမှာဖြစ်ပြီး အားအပြည့်ရှိရင် Stand By အနေနဲ့ နာရီ ၁၂၀ အထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ P8 ရဲ့ အားသာချက်ကတော့ နှစ်ချက်ဆက်တိုက် နှိပ်လိုက်ရင် Last Call ပြန်ခေါ်ပေးခြင်း ဖြစ်ပါတယ်။အဖြူရောင်တစ်မျိုးသာ ထွက်ရှိထားပြီး တန်ဖိုးက ၁၉,၀၀၀ကျပ် ဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««