WK OJD-63 15W Magnetic Wireless Charger

မကြာသေးမီက မိတ်ဆက်ထားတဲ့ iPhone 12 Series တွေကို အထာကျကျ အားသွင်းနိုင်မယ့် WK OJD-63 15W Magnetic Wireless Charger ဖြစ်ပါတယ်။ Output 15W အပြည့်ထွက်ပြီး အားအဝင်တည်ငြိမ်ကာ မြန်ဆန်မှုရှိမှာ ဖြစ်ပါတယ်။ Apple ရဲ့ စံနှုန်းနဲ့အညီ ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည်မြင့် Smart IC Chip ပံ့ပိုးပေးထားတဲ့အတွက် iPhone Battery ကို မထိခိုက်စေဘူးလို့ သိရပါတယ်။ ကပ်အားကောင်းတဲ့ သံလိုက်နဲ့ဖြစ်တဲ့အတွက် ပြုတ်ကျမှာကိုလည်း စိုးရိမ်စရာမလိုဘူးလို့ သိရပါတယ်။ ကြိုးမဲ့စနစ်ဖြစ်တဲ့အတွက် အားသွင်းရင်း ဖုန်းပူလာခြင်းမရှိဘူးလို့ သိရပါတယ်။ 5W/ 7.5W /10W Wireless စနစ်ပါတဲ့ဖုန်းတွေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Type-C အားသွင်းကြိုးဖြစ်တဲ့အတွက် PD Type-C 15W ရှိတဲ့ အားသွင်းခေါင်းတွေနဲ့ တွဲဖက်အသုံးပြုသင့်ပါတယ်။

တန်ဖိုးက ၂၁,၅၀၀ ကျပ် ဖြစ်ပြီး အာမခံအနေနဲ့ ၆ လပေးထားပါတယ်။ WK Brand Shop တွေနဲ့ အမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««