WK D11 Portable Wireless Speaker

ပတ်လည်အသံစနစ်နဲ့ ကိုယ်ပိုင် Home Theater တစ်ခု ဖန်တီးချင်သူတွေ အကြိုက်တွေ့စေမယ့် WK D11 Portable Wireless Speaker ဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ Bass သံကို HiFi အသံထွက်စနစ်နဲ့ ဖြစ်ပြီး ပတ်လည်အသံစနစ် Surround Sound ကို နားဆင်ဖို့ ဘယ်၊ ညာ 5W Speaker နှစ်လုံး ပေါင်းစပ်မှုကြောင့် အဆင့်မြင့် ကိုယ်ပိုင် Theater လေးတစ်ခု ဖန်တီးချင်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ AC-DC (၂) မျိုးအသုံးပြုနိုင်တဲ့အတွက် အားအပြည့်သွင်းထားရင် မီးမလာလည်း ၅ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bluetooth အပြင် SD Card, USB Stick, Aux Audio Cable တွေနဲ့ တွဲဖက်အသုံးပြုနိုင်သလို FM Radio လည်းပါဝင်မှာ ဖြစ်ပါတယ်။ အဖြူ၊ အနက် အရောင်နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။တန်ဖိုးက ၂၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ WK Brand Shop တွေနဲ့ အမြို့မြို့အနယ်နယ်ရှိ Mobile ဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««