WK အမှတ်တံဆိပ် မော်ဒယ်သစ်ပစ္စည်းများ မိတ်ဆက်

WK အမှတ်တံဆိပ် မော်ဒယ်သစ်ပစ္စည်းများ မိတ်ဆက်ပွဲကို စက်တင်ဘာ ၂၀ ရက် (ယနေ့) နံနက်ပိုင်းက တရုတ်နိုင်ငံ ရှန်ဇန်းမြို့ရှိ castle ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ WK မှ မကြာမီ ထွက်ရှိလာတော့မယ့် ဒီဇိုင်းဆန်းသစ်ပြီး လှပသေသပ်တဲ့ iPhone X ဖုန်းကာဗာများ၊ 3000 mAh Powerbank တွဲဖက်ပါဝင်တဲ့ ဖုန်းကာဗာများ၊ လူငယ်ဆန်ဆန်ဒီဇိုင်းပုံစံနဲ့ Laptop ထည့်သွင်း သယ်ဆောင်နိုင်မယ့် ကျောပိုးအိတ်များ၊ earphone,headphone နှင့် wireless earphone များ၊ ဝက်အူရစ်မပါဝင်သော ဒီဖိုင်းပုံစံနဲ့ ကြိုးမဲ့စပီကာများ၊ Equalizer ပါဝင်တဲ့ ကြိုးမဲ့စပီကာများ၊ car cigarette liter နဲ့ချိတ်ဆက် သုံးနိုင်မယ့် မှန်ခွဲတူ တွဲဖက်ပါဝင်သော charger adapter များ၊ Travel charger adapter များ၊ Power bank များ၊ Cable များနဲ့ မိုဘိုင်းဖုန်းများနဲ့တွဲသုံးနိုင်တဲ့ OTG device များ၊ Cable များနဲ့ wireless charher တွေကို မိတ်ဆက်ခဲ့ပါတယ်။

WK အမှတ်တံဆိပ်ပစ္စည်းတွေကို ယခုနှစ်ကုန်ပိုင်းမှာ မြန်မာပြည်ဈေးကွက်အတွင်းသို့ WK အမှတ်တံဆိပ်ရဲ့ တရားဝင်ကိုယ်စားလှယ် MZ myanmar company မှ တင်သွင်းဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ သိရပါတယ်။