WinnovoVTab 101

တန်ဖိုး – ကန်ဒေါ်လာ ၆၉.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး stand နဲ့ သက်သောင့်သက်သာ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီခံနိုင်ရည်အားက အရမ်းကောင်းမွန်တာမျိုး မရှိသလို ဈေးနှုန်းချိုသာတဲ့ tablet အမျိုးအစားဖြစ်တာကြောင့် ကင်မရာပိုင်းနဲ့ အခြားစွမ်းဆောင်ရည်ပိုင်းတွေကလည်း အရမ်းကောင်းမွန် တာမျိုးကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

MTK8163 Quad-cord processor ကို အသုံပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 2GB ပါဝင်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ storage ကို အသုံးပြုပေးထားပါတယ်။ screen အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး resolution က 1280 x 800 pixels ဖြစ်ပါတယ်။ Tablet မှာသုံးစွဲထားတဲ့ Operating System ကတော့ Android 6.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ စကရင် ဘက်အခြမ်းကင်မရာက 2 megapixels ဖြစ်ပြီးနောက်ကျောဘက်အခြမ်း ကင်မရာကတော့ 5 megapixels ခန့်ရှိမှာဖြစ်ပါတယ်။ FM radio ကို နားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဘက်ထရီကိုတော့ Lion-Polymer battery အသုံးပြုထားပြီး ဘက်ထရီသိပ်သည်းဆကတော့ 6000 mAh ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ