Winnovo VTab 101

တန်ဖိုး – ကန်ဒေါ်လာ ၆၉.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ သက်သောင့်သက် သာ အသုံးပြုနိုင်ဖို့ stand လည်း ပါဝင်ပါတယ်။

အားနည်းချက်

ဘက်ထရီပိုင်းကတော့ အ ရမ်းကောင်းမွန်တာ မျိုးမရှိသလို ကင်မရာပိုင်းနဲ့ အခြားစွမ်းဆောင် ရည်ပိုင်းတွေကလည်း အရမ်း ကောင်းမွန်တာမျိုး တွေ့ရမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

MTK8163 Quad-cord processor ကို အသုံပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM 2GB ပါဝင်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ storage ကို အသုံး ပြုပေးထားပါတယ်။ Display အရွယ်အစားကတော့ ၁၀.၁ လက်မရှိမှာဖြစ်ပြီး screen resolution ကတော့ 1280 x 800 pixels ဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ Operating System က Android 6.0 ဖြစ် ပါတယ်။ ကင်မရာပိုင်းမှာတော့စ ကရင်ဘက် အခြမ်းကင်မရာက 2 MP ဖြစ်ပြီး နောက်ကျောဘက် အခြမ်း ကင်မရာက 5 MP ဖြစ်ပါတယ်။ FM radio ကိုနားဆင်နိုင်မှာလည်း ဖြစ်ပါ တယ်။ Lithium Ion -Polymer battery ကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 6000 mAh ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ