Winning Customers during COVID Crisis အွန်လိုင်းသင်တန်း ဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးပြီး ဆရာမကြီး Professor ဒေါက်တာဒေါ်မိုးမိုးခိုင်မှ ဦးစီးသင်ကြားပေးမယ့် 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺𝗺𝗲 𝗳𝗼𝗿 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗟𝗲𝗮𝗱𝗲𝗿𝘀 အွန်လိုင်းသင်တန်းရဲ့ စတုတ္ထမြောက်ဘာသာရပ် ဖြစ်တဲ့ Winning Customers during COVID Crisis ကို ဩဂုတ် ၈ ရက်နဲ့ ၉ ရက် တွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမယ် လို့ သိရပါတယ်။

သင်တန်းမှာ Understanding & Winning Customers (COVID 19 ကြောင့် Consumer Behavior ပြောင်းသွားတဲ့ Customers တွေကို ဘယ်လို ထိုးဖောက်မလဲ)၊ The Role of Digital Marketing (ပြောင်းလဲလာတဲ့ New Normal ကာလမှာ Digital Marketing ကဏ္ဍရဲ့ အရေးပါပုံတွေ)၊ Marketing in COVID Crisis (ဒီလို ကြပ်တည်းနေတဲ့ COVID 19 ကာလအတွင်းမှာ ဈေးကွက်ကို ဘယ်လိုရှာဖွေမလဲ) အစရှိတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို အမေးအဖြေကဏ္ဍတွေ ဖြည့်စွက်ပြီး သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Module 5 အဖြစ် Financial Literacy for Business Leaders (စီမံအုပ်ချုပ်သူတွေ သိထားသင့်တဲ့ Finance အတွေးအခေါ်များ) သင်တန်းကို သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Module 5 မှာ Understanding Financial Performance, Financial Planning and Financing နဲ့ Financial Control တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

Module 6 ဘာသာရပ်အဖြစ် Soft Skill Development for Business Leaders (စီမံအုပ်ချုပ်သူတွေ ရှိရမဲ့ နှလုံးရည် အရည်အချင်းများ) သင်တန်းကို စက်တင်ဘာ ၅ ရက် နဲ့ ၆ ရက်တွေမှာ နေ့လယ် ၁ နာရီမှ ၃ နာရီထိ သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်ကြားရမယ့်ဘာသာရပ်တွေကတော့ Problem Solving and Decision Making, Communication Skill Development တွေပဲဖြစ်ပါတယ်။

Zoom Application နဲ့သင်ကြားသွားမှာ ဖြစ်ပြီး သင်တန်းကြေးကတော့ တစ်ဘာသာချင်း တက်ရောက်ပါက ၇,၀၀၀ ကျပ်ဖြစ်ပြီး ၃ ဘာသာ Package လိုက်ယူပြီး တက်ရောက်ပါက ၁၅,၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၁-၂၃၀၅၀၃၄ နဲ့ ၀၉၄၂၅၀၂၂၉၇၆ ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။

-သန္တာ