Windows Update ကတစ်ဆင့် Edge browser အသစ်ကို ဖြန့်ချိမယ့် Microsoft

Microsoft ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်ကနေ စတင်ပြီး Chromium အခြေခံ Edge browser အသစ်ကို ဖြန့်ချိမယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ အစောပိုင်းအတွင်း Windows 10 နဲ့အတူ Edge အသစ် ပါဝင်လာမယ်လို့ ထုတ်ပြန်ထားပေမယ့် ထွက်ရှိမယ့်အချိန် နှောင့်နှေးနေခဲ့ပါတယ်။ Windows 10 အတွက် ထွက်ရှိလာမယ့် Edge အသစ်နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

Edge ရဲ့ Chromium အခြေခံဗားရှင်း Windows operating system အသစ်နဲ့မဆိုင်ဘူးလို့ Microsoft က ပြောခဲ့ပါတယ်။ Microsoft ဟာ Windows 10 1709 နဲ့အထက် အသုံးပြုထားတဲ့ ကွန်ပျူတာအားလုံးအတွက် Windows Update ကနေတစ်ဆင့် Edge browser အသစ်ကို ရရှိမှာဖြစ်ပါတယ်။

Microsoft Edge browser အသစ်ကို Windows အတွင်း လွယ်ကူချောမောစွာ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ Edge အတွက် feature အသစ်တွေကို ၆ ပတ်တစ်ကြိမ် ဖြန့်ချိမှာ ဖြစ်သလို လုံခြုံရေးနဲ့ compatibility စွမ်းရည်ရှိတဲ့ update တွေကိုလည်း လိုအပ်သလို ဖြန့်ချိပေးမယ်လို့ Microsoft က ရေးသားထားပါတယ်။

စိုးထက်
Ref: ZDNet