Windows Defender ကို အချိန်သတ်မှတ်ပြီး scan လုပ်ဆောင်ခြင်း

Windows Defender ကို အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေကို အချိန်တစ်ခု သတ်မှတ်ပြီး scan လုပ်ဆောင်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံး start button ကိုနှိပ်ပြီး Task Scheduler ဆိုပြီး ရိုက်ထည့်ပါ။ ပြီးရင် Task Scheduler ကို ဖွင့်ရပါမယ်။ Task Scheduler ထဲကိုရောက်ရင် Task Scheduler Library ကို ရွေးချယ်ပါ။ Task Scheduler Library > Microsoft > Windows > Windows Defender ဆိုတာကို အဆင့်ဆင့် ရွေးချယ်ရပါမယ်။ ပြီးရင် Windows Defender Schedule Scan ဆိုတာကို ရွေးချယ်ပြီး right-click နှိပ် ကာ properties ဆိုတာကို ကလစ် လုပ်ပေးရပါမယ်။

Windows Defender schedule Scan properties ထဲကိုရောက်ရင် Triggers ဆိုတဲ့ tab ကိုရွေးချယ်ရပါမယ်။ ပြီးရင် New ဆိုတာကိုနှိပ်ပါ။ နောက် တစ်ဆင့်ကတော့ Begin the task ဆိုတဲ့နေရာမှာ On a schedule ဆိုတာကို ရွေးချယ်ပေးထားပါ။ Settings မှာ Weekly, Monthly, Daily နှစ်သက်ရာကို ရွေးချယ် နိုင်ပါတယ်။

အချိန်တွေကိုလည်း နှစ်သက်တဲ့အချိန်တွေ၊ ရက်တွေ သတ်မှတ်ထားနိုင်ပါတယ်။ပြီး သွားရင် Ok button ကိုနှိပ်ပါ။ တကယ်လို့ Laptop အသုံး ပြုသူ တွေအတွက်ဆိုရင် Windows Defender Schedule Scan Properties မှာ Conditions ဆိုတဲ့ tab ကို ထပ်မံရွေး ချယ်ပေးရပါမယ်။ Conditions tab အောက်က Power section မှာ Stop if the computer switches to battery power ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့် ထားပေးပြီး Ok button ကိုနှိပ် ရပါမယ်။ ဒါဆိုရင် Windows Defender ကို အချိန်သတ်မှတ်ပြီး scan လုပ်ဆောင်ခိုင်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါတယ်။

-သီဟ