Windows Bootloader Error ကို ဘယ်လိုဖြေရှင်းမလဲ

Windows Boot တက် တဲ့အခါမျိုးမှာ Bootmr is missing ဆိုတဲ့ error မျိုးနဲ့ boot ဆက်လက်မတက်နိုင်ဘူးဆိုရင် Bootloader error ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲဖြစ်ပါတယ်။ Bootloader error ကို ဖြေရှင်းဖို့အတွက် Bootable USB ဒါမှမဟုတ် DVD တစ်ခုခုလို အပ်ပါမယ်။

PC ကို restart ပြုလုပ် လိုက်ပါ။ Boot တက်မယ့် device ကို BIOS မှာ ရွေးချယ် ပေးထားရပါမယ်။ Boot တက်လာပြီဆိုရင် Repair your computer ဆိုတာကို နှိပ်လိုက်ပါ။

ပြီးသွားရင် Troubleshoot ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

Advanced options ထဲကိုရောက်ပြီဆိုရင် Command Prompt ဆိုတာကိုနှိပ်လိုက်ပါ။

Command Prompt ထဲကိုရောက်ပြီဆိုရင် bootrec /fixmbr ဆိုတဲ့ command ကိုရိုက်ထည့်ပါ။

နောက်ထပ် command ကတော့ bootrec /fixboot ဆိုတဲ့ command ကို အသုံးပြုပြီး PC ကို restart ပြုလုပ်လိုက်ပြီဆိုရင် Windows bootloader error ကို ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်။

-သီဟ