Windows Bootloader Error ကို ဘယ်လိုဖြေရှင်းမလဲ

Windows Boot တက်တဲ့ အခါမျိုးမှာ Bootmgr is missing ဆိုတဲ့ error မျိုးနဲ့ boot ဆက်လက် မတက်နိုင်ဘူးဆိုရင် Bootloader error ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ Bootloader error ကိုဖြေရှင်းဖို့အတွက် Bootable USB ဒါမှမဟုတ် DVD တစ်ခုခုလိုအပ်ပါမယ်။

PC ကို restart ပြုလုပ်လိုက်ပါ။ Boot တက်မယ့် device ကို BIOS မှာ ရွေးချယ်ပေးထားရပါမယ်။ Boot တက်လာပြီဆိုရင် Repair your computer ဆိုတာကို နှိပ်လိုက်ပါ။

ပြီးသွားရင် Troubleshoot ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Advanced options ထဲကို ရောက်ပြီဆိုရင် Command Prompt ဆိုတာကို နှိပ်လိုက်ပါ။

Command Prompt ထဲကိုရောက်ပြီဆိုရင် bootrec /fixmbr ဆိုတဲ့ command ကိုရိုက်ထည့်ပါ။

နောက်ထပ် command ကတော့ bootrec /fixboot ဆိုတဲ့ command ကို အသုံးပြုပြီး PC ကို restart ပြုလုပ်လိုက်ပြီဆိုရင် Windows bootloader error ကို ဖြေရှင်းနိုင်ပြီဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««