Windows app store ပေါ်လစီ Microsoft ပြောင်းလဲ

Microsoft ဟာ Windows ပေါ်က app store အနာဂတ်အတွက် ပေါ်လစီကို ပြောင်းလဲခဲ့ပါတယ်။ Microsoft ဟာ app developer တွေအတွက် စည်းမျဉ်း ၁၀ ခုကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ စည်းမျဉ်းတွေမှာ app တွေငွေရှာဖို့ အသုံးပြုမယ့် လုပ်ငန်းမော်ဒယ် ဒါမှမဟုတ် platform ပေါ်က store ယှဉ်ပြိုင်မှုကို မပိတ်ပင်ဘူးဆိုတဲ့ အချက်လည်း ပါဝင်လာပါတယ်။

Microsoft ဟာ စည်းမျဉ်းတွေနဲ့ app ယှဉ်ပြိုင်မှုကို စံညွှန်းတစ်ခုတည်း ပြုလုပ်ပေးခဲ့သလို Windows ပေါ်က ပြိုင်ဘက် app store အတွက် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံသွားပါမယ်။ Microsoft ကတော့ in-app ငွေပေးချေမှုစနစ် ရွေးချယ်မှုအတွက် app ကို ပိတ်ပင်မှာ မဟုတ်ပါဘူး။

Microsoft စည်းမျဉ်းသစ်တွေက Apple နဲ့ Google ကြုံတွေ့နေရတဲ့ ပြဿနာကို ရှင်းရှင်းလင်းလင်း တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ Epic Games ဟာ Apple နဲ့တရားရင်ဆိုင်နေရပါတယ်။ Epic Games က Fortnite အတွင်း ကိုယ်ပိုင်ငွေပေးချေမှုစနစ်ကို ထည့်သွင်းထားပါတယ်။ Apple နဲ့ Google ပေါ်လစီထိုးဖောက်ခဲ့ပါတယ်။ Google နဲ့ Apple က ဒီဂျစ်တယ်ကုန်ပစ္စည်းတွေ ဝယ်ယူမှုအတွက် ၃၀ ရာခိုင်နှုန်း ဖြတ်တောက်မှုကို လက်ခံဖို့ ဖိအားပေးနေပါတယ်။

Apple နဲ့ Google ကတော့ app store ကနေ Fortnite ကိုဖယ်ရှားခဲ့ပါတယ်။ Epic Games က Apple နဲ့ Google ကိုလည်း တရားစွဲဆိုခဲ့ပါတယ်။ Android သုံးစွဲသူတွေကတော့ Fortnite ကို အခြားနေရာကနေ ကစားနိုင်ပေမယ့် iOS သုံးစွဲသူတွေကတော့ install မလုပ်နိုင်တော့ပါဘူး။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««