
Windows 10 မှာ ကိုယ့်ရဲ့ wallpaper တွေကို အခြားသူတွေ ဝင်ရောက်ပြောင်းလဲတာကိုမနှစ် သက်တဲ့သူတွေအတွက် wallpaper settings ကို disable လုပ်ထားနိုင်ပါတယ်။ Wallpaper settings ကို disable လုပ်ချင်သူ တွေအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ပထမဆုံး Win + R key ကို နှိပ်ပြီး Run box ကိုခေါ်ပါ။ Run box ထဲမှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Group policy ကိုခေါ်ပါ။ Group Policy editor ပွင့်လာပြီဆိုရင် ဖော်ပြထားတဲ့ လမ်းကြောင်း အ တိုင်းသွားရပါမယ်။
User Configuration > Administrative Templates > Control Panel > Personalization လမ်းကြောင်းအတိုင်းသွားပါ။ Personalization အောက်ကိုရောက်ပြီဆိုရင် Prevent changing desktop background ကို double-clicks နှိပ်ပြီး Enable လုပ်လိုက်ပါ။ ဒါဆိုရင် wallpaper ကိုပြောင်း နိုင်မယ့်နေရာ မှိန်နေတာကို တွေ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ပြန်လည် အသုံးပြုချင်တယ်ဆိုရင် Prevent changing desktop background ကို double-clicks နှိပ်ပြီး Disable ပြန်လုပ်လိုက်ရင် ပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
-သီဟ