Windows 10 UI အသစ်ကို Microsoft ပြသ

ဒီတစ်ပတ်အစောပိုင်းမှာ Microsoft ရဲ့ Windows 10 operating system ကိုအသုံးပြုသူ တစ်ဘီလျံရှိပါပြီ။ Microsoft က သုံးစွဲသူ တစ်ဘီလျံပြည့်မြောက်မှုအပြင် UI ပြောင်းလဲမှု feature အသစ်တွေကိုလည်း ဗီဒီယိုနဲ့ အမြည်းမိတ်ဆက်လိုက်ပါတယ်။ Windows နဲ့ ထုတ်ကုန်အကြီးအကဲ ပါနို့စ်ပါနေက ဝေမျှခဲ့တဲ့ Instagram ဗီဒီယိုမှာ Live Tiles ပုံစံနဲ့ Windows 10 Start menu ကိုပြသထားပါတယ်။

Microsoft ဟာ Windows 10 က Start menu မှာ app တွေလွယ်လွယ်တွေ့နိုင်ဖို့ tile interface ဘလော့အရောင်ကို လျှော့ချဖို့ရှိပါတယ်။ ဒါ့အပြင် Microsoft က Windows 10 မှာ တိုးတက်တဲ့ Fluent Design စနစ်ကို အသုံးပြုဖို့ရှိပြီး context menu တွေနဲ့ Files app မှာ ပိုမို အသုံးချနိုင်ပါတယ်။

Microsoft ရဲ့အပြောင်းအလဲထဲမှာ မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Windows icon တွေလည်း ပါဝင်လာပါတယ်။ Windows 10 မှာပါဝင်လာတဲ့ app တွေကိုလည်း ရောင်စုံ icon အသစ်တွေလည်း အဆင့်မြှင့်တင်ထားပါတယ်။ Surface Neo လိုမျိုး Windows 10X အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို ခေတ်မီအောင် ဖန်တီးဖို့ အခုအစီအစဉ်ကို တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge