Windows 10 Taskbar မှာ Multiple Timezone ထည့်သွင်းခြင်း

သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေ Time Zone မတူညီတဲ့ နေရာတွေမှာ အလုပ်လုပ်ကိုင်နေတာမျိုး ရှိကြမှာပါ။ Windows 10 မှာ မတူညီတဲ့ Time Zone တွေကို taskbar ပေါ်ကနေ အလွယ်တကူ ကြည့်ရှုနိုင်ဖို့ အတွက် multiple time zone ကို ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။

Multiple Time Zone ကို အသုံးပြုဖို့အတွက် Taskbar ပေါ်က Date and Time နေရာမှာ right-click နှိပ်လိုက်ပါ။ ပြီးရင် Adjust date/time ဆိုတာကို ကလစ်နှိပ်ပေးရပါမယ်။ ဒါမှမဟုတ်ဘဲ Settings > Time & Language> Date $ Time ဆိုပြီးလည်း ဖွင့်နိုင်ပါတယ်။

Date & Time ဆိုတဲ့နေရာကို ရောက်ပြီဆိုရင် Add clock difference time zones ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ထပ် Date & Time ဆိုတဲ့ window တစ်ခု ထပ်တက်လာပါလိမ့်မယ်။ Additional Clocks ဆိုတဲ့ tab ကို ရွေးချယ်လိုက်ပါ။ Show this clock ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးလိုက်ပါ။ ဒါဆိုရင် မိမိရွေးချယ်ချင်တဲ့ time zone ကိုရွေးချယ်နိုင်ပါတယ်။ Enter display name နေရာမှာတော့မိမိ ရွေးချယ်ထားတဲ့ နိုင်ငံအမည်တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားပြီဆိုရင် taskbar ပေါ်က Date & Time နေရာကို နှိပ်လိုက်ရင် နောက်ထပ် time zone တစ်ခုနဲ့ အချိန် နာရီကို တွေ့ရမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««