Windows 10 Taskbar နာရီမှာ စက္ကန့်တွေပေါ်အောင် ဘယ်လိုလုပ်မလဲ

လူတွေအများစုအတွက် မိနစ်အတိုင်းအတာအထိနာရီ ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း အချို့အချိန်တွေမှာ အပြောင်း အလဲတစ်ခုရဲ့ အဆုံးသတ်ကို သိရှိနိုင်ဖို့အတွက် စက္ကန့်တွေအထိ တိကျစွာနဲ့ နာရီကြည့်ဖို့ လိုအပ်တဲ့ အချိန်တွေရှိလာမှာပါ။ ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် Windows 10 taskbar ရဲ့ နာရီမှာ စက္ကန့်တွေကို ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းတစ်ခုရှိပါတယ်။

ဒီနည်းလမ်း လုပ်ဆောင်ဖို့အတွက် registry ကနေ ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Registry ကနေ လုပ်ဆောင်မယ်ဆိုရင် registry ကို backup လုပ်ဆောင်ထားသင့်ပါတယ်။ Windows 10 Taskbar နာရီမှာ စက္ကန့် တွေပေါ်အောင် registry ကနေ ပြင်ဆင်မယ်ဆိုရင် ပထမဆုံး Win + R key ကို နှိပ်ပြီး Run box ကိုခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ပေးရပါမယ်။

Registry Editor ထဲကို ရောက်ပြီဆိုရင် HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Advanced ဆိုတဲ့ လမ်းကြောင်းအတိုင်း အဆင့်လိုက်သွားပါ။ Advanced ကိုရောက်ရင် ညာဘက် panel ထဲမှာ right-click နှိပ်ပြီး New > DWORD (32-bit) ဆိုတာကို ရွေးရပါမယ်။ အဆိုပါ ဖိုင်ရဲ့နာမည်ကို “ShowSecondsin-SystemClock” ဆိုတဲ့ နာမည်ပေးရပါမယ်။ ပြီးသွားရင် ShowSecondsinSystemClock ဖိုင်ကို double-click နှိပ်ပြီး Value သတ်မှတ်ရပါမယ်။ Default အနေနဲ့ Value Data ဟာ 0 သာရှိမှာဖြစ်ပြီး 1 အဖြစ် သတ်မှတ်ပေးကာ Ok button ကိုနှိပ်ပါ။ ပြီးသွားရင် registry editor ကနေထွက်ပြီး ကွန်ပျူတာကို reboot လုပ်ဆောင်ပေးလိုက်ပါ။ Windows ပြန်တက်လာတဲ့အခါမှာ Taskbar ကနာရီမှာ စက္ကန့်တွေကိုပါ တွေ့ မြင်ရမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««