Windows 10 N တွင် Windows Media Player 12 ကို ထည့်သွင်းနည်း

European ဘက်မှ သုံးစွဲသူတွေအတွက် ထုတ်လုပ်ထားတဲ့ Windows 10 KN ကတော့ Korea က အသုံးပြုသူတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Windows 10 N နဲ့ Windows 10 KN တို့မှာ Windows Media Player ထည့်သွင်းထားခြင်းမရှိပါဘူး။ အဆိုပါ OS တွေမှာ Windows Media Player ကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ထည့်သွင်းဖို့အတွက်ဆိုရင် http://bit.ly/2OA02xw ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကိုသွားပါ။ ပြီးရင် Download ဆိုတဲ့နေရာမှာ Media feature pack ကို နောက်ဆုံး version ကို ရွေးပြီး Confirm ဆိုတဲ့ခလုတ်ကို နှိပ်ပါ။ နောက်တစ်ဆင့် ကတော့ 32-bit သို့မဟုတ် 64-bit ဆိုတဲ့နေရာမှာ ကိုယ့် OS နဲ့ အဆင်ပြေတာကို ရွေးချယ်ပြီး download လုပ်ယူ ရမှာဖြစ်ပါတယ်။

Dowlnoad လုပ်ပြီးရင် ဖိုင်ကို right-click နှိပ်ပြီး Open with ဆိုတာကို ရွေးပါ။ ပြီးရင် Turn windows feature on and off ဆိုတာနဲ့ run လိုက်ရမှာဖြစ်ပါတယ်။ Media feature ဆိုတဲ့နေရာမှာအမှန်ခြစ် ထည့်ပြီး Windows Media Player ကိုလည်း အမှန်ခြစ်ထည့်ပါ။ ပြီးရင် Ok ကို နှိပ်ပြီးရင် သက်ဆိုင်ရာ package တွေကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဖော်ပြပါအဆင့်တွေပြီးဆုံးပြီဆိုရင် Windows 10 N နဲ့ Windows 10 KN တို့မှာ Windows Media Player 12 ကို ထည့်သွင်း ပြီးပြီဖြစ်ပါတယ်။

-သီဟ