Windows 10 မှာ Network card အချက်အလက်တွေကို ဘယ်လိုကြည့်မလဲ

အကယ်၍ သင်ဟာ Network administrator တစ်ယောက်ဒါမှ မဟုတ် advanced user ဆိုရင် သင့်ကွန်ပျူတာမှာ တစ်ခုထက်ပိုတဲ့ network card ပေါင်းများစွာရှိ ကောင်းရှိပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ကွန်ပျူတာစနစ်ထဲမှာတပ် ဆင်ထားတဲ့ network card တွေရဲ့ အသေးစိတ်အချက်အလက်တွေ ကို Windows 10 ကနေ စစ်ဆေး ကြည့်ရှုချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်းနဲ့ စစ်ဆေးနိုင်ပါတယ်။

Network card ရဲ့ အချက်အလက်တွေကို System Information Tool ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ System Information Tool ကို အသုံးပြုဖို့အတွက် Win+R key ကိုနှိပ်ပြီး Run box ကို ခေါ်ပါ။ ပြီးရင် msinfo32 ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ System Information box ကျလာရင် Components > Network > Adapter ဆိုတာကို အဆင့်လိုက်သွားပါ။

Adapter ကို ရွေးချယ်လိုက်ရင် ညာဘက်အခြမ်းမှာ network ရဲ့ item တွေနဲ့ value တွေဖော်ပြ ပေးထားတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို Export လုပ်ချင်တယ်ဆိုရင် File menu ထဲက Export ကိုနှိပ်ပြီး အချက်အလက်တွေကို ထုတ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် command prompt ထဲက ကြည့်မယ်ဆိုရင်တော့ Win + R key ကိုနှိပ်ပြီး cmd ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Command prompt ထဲရောက် သွားရင် ipconfig /all ဆိုတဲ့ command နဲ့ network card အချက်အလက်တွေကို ကြည့်ရှု နိုင်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««