Windows 10 မှာ Invisible Folder တစ်ခု ဘယ်လိုတည် ဆောက်မလဲ

Windows 10 မှာ ကိုယ့်ရဲ့ဖိုင်တွေကို လျှို့ဝှက်စွာသိမ်းဆည်းနိုင်ဖို့အတွက် နည်းလမ်များစွာကို အသုံးပြုနိုင်ပါတယ်။ ဒီအထဲက အရိုးရှင်းဆုံးနဲ့ လွယ်ကူစွာ သိမ်းဆည်းနိုင်မယ့် နည်းလမ်းကတော့ ကိုယ့်ရဲ့ Folder ကို invisible အနေနဲ့ အလွယ်တကူ မမြင်နိုင်အောင် ဝှက်ထားနိုင်တဲ့နည်းလမ်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Invisible Folder တစ်ခုကို Windows 10 မှာ တည်ဆောက်ဖို့အတွက် အလွယ်တကူနဲ့ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Invisible Folder တစ်ခုတည် ဆောက်ဖို့အတွက် ပထမဆုံးကိုယ် Folder ထားချင်တဲ့လမ်းကြောင်းကို အရင်သွားပြီး Right-click နှိပ် New ကိုရွေးချယ်ကာ Folder ဆိုတာကို ကလစ်နှိပ်လိုက်ပါ။

Folder icon ပေါ်လာရင် Folder Name နေရာမှာ ဖိုင်နာမည်ကိုမမြင်ရစေဖို့တွက် Ascii code ဖြစ်တဲ့ Alt+255 key ကို ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ။ ဒါဆိုရင် Folder နာမည်ကို မြင်ရမှာမဟုတ်တော့ပါဘူး။ ပြီးရင် အဆိုပါ Folder ကို right-click နှိပ်ပြီး Properties ကိုရွေးချယ်ပါ။ Properties box ကျလာရင် Customize tab ကိုရွေးပြီး Change Icon ဆိုတာကို နှိပ်ကာ Invisible icon ကိုရွေးချယ်ပေးလိုက်ပါ။ ပြီးရင် Apply button ကို နှိပ်ပြီး Ok button ကိုနှိပ်လိုက်ရင် Folder ဟာ invisible အနေနဲ့ ဖြစ်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် Windows 10 မှာ Invisible Folder ကို တည်ဆောက်တဲ့ အဆင့်ပြီးသွားပြီ ဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««