Windows 10 မှာ HEVC code ကိုဘယ်လိုထည့်သွင်းမလဲ

HEVC code ဆိုတာကတော့ Windows 10 မှာ default ပါဝင်တဲ့ media player မှာ ဗီဒီယို format အများအပြားကို ဖွင့်နိုင်ဖို့အတွက် စီစဉ်ပေးထားတဲ့ code တစ်ခုဖြစ်ပါတယ်။ Windows 10 မှာပါဝင်တဲ့ video player ဟာ mp4 ကဲ့သို့ file format တွေကိုဖွင့်ပြီး အသုံးပြုနိုင်ပေမယ့် အချို့ mkv, avi အစရှိတဲ့ format တွေကို အသုံးပြုတဲ့အခါမှာ ဖွင့်နိုင်ခြင်းမရှိပါဘူး။

အဆိုပါ format တွေကို အသုံးပြုနိုင်ဖို့အတွက်ဆိုရင် HEVC code ကို Windows Store ကနေ ထည့်သွင်းရမှာဖြစ်ပါတယ်။ HEVC code ကို ထည့်သွင်းဖို့အတွက် ကန်ဒေါ်လာ ၀.၉၉ ပေး သွင်းရမှာ ဖြစ်ပါတယ်။ တစ်ကယ်လို့ ပိုက်ဆံအသုံးမပြုဘဲ ထည့်သွင်းချင်တယ်ဆိုရင် http://bit.ly/2RSjZn4 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပါ။ ပြီးရင် Get ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။ ဒါဆိုရင် Windows Store ဆောဖ့်ဝဲ ပွင့်သွားမှာဖြစ်ပြီး အဆိုပါဆော့ဖ်ဝဲကနေ download လုပ်ယူကာ ထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါဆိုရင် Windows 10 မှာ default ပါဝင်တဲ့ media player မှာ video file format အများအပြားကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

-သီဟ