Windows 10 မှာ Get Even More Out of Windows ကို ဘယ်လို disable လုပ်မလဲ

သင်ဟာ Windows 10 သုံးစွဲသူတစ်ယောက်ဆိုရင် Windows 10 က update တွေကို install လုပ်ဆောင်ပြီးတိုင်းမှာ Get even more out of windows ကို မကြာခဏ မြင်တွေ့ရတာက စိတ်ညစ်စရာပါ။ ဒါကြောင့် Windows update လုပ်ဆောင်ပြီးတိုင်းမှာ အဆိုပါ window မတက်လာစေဖို့အတွက် ဖော်ပြပါနည်းလမ်းနဲ့ ပိတ်ထားနိုင်ပါတယ်။

ပထမဆုံး Start menu button ကို နှိပ်ပြီး ဂီယာပုံ icon နဲ့ settings ကို နှိပ်ကာ Settings ထဲကို ဝင်ရပါမယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် Win + I shortcut key ကိုနှိပ်ပြီးလည်း Settings ကိုဝင်နိုင်ပါတယ်။ Settings ထဲကို ရောက်ပြီဆိုရင် System ဆိုတာကိုရွေးပြီး ကလစ်နှိပ်လိုက်ပါ။

System ထဲကမှ Notification & actions ဆိုတာကို ထပ်မံရွေးချယ်ပေးရပါမယ်။ Notification & actions ကို ရွေးချယ်လိုက်ရင် ညာဘက် panel ထဲမှာ Suggest ways I can finish setting up my device to get the most out of Windows box မှာ အမှန်ခြစ်ကိုမဖြုတ်ပါနဲ့။

Windows update လုပ် ဆောင်ပြီးနောက် ပေါ်လာတဲ့ windows update အသစ်မှာပါ ဝင်လာတဲ့ အကြောင်းအရာတွေ ကိုအကြံပြုတဲ့ pop-up box ကို ဖယ်ရှားဖို့အတွက် Show me the Windows welcome experience after updates and occasionally when I sign in to highlight what’s new and suggested ဆိုတဲ့ နေရာမှာ အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ။ ပြီးရင် Settings ကို ပိတ်လိုက်ပါ။ ဒါဆိုရင်နောက်ထပ် Windows update တွေမှာ အဆိုပါ Pop-up box ကို ထပ်မံတွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««