Windows 10 မှာ အသံပိုကျယ်ဖို့ ဘယ်လိုလုပ်ဆောင်မလဲ

Windows 10 အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ maximum volume ထက်ပိုပြီး အသံကျယ်ကျယ် နားထောင်ချင်သူတွေအတွက် အသံပိုပြီး ကျယ်စေဖို့ ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Maximum volume အထိထက် ပိုမိုပြီးကျယ်ကျယ် နားထောင်လိုတဲ့ အခါမျိုးမှာ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ပထမဆုံး Win + R key ကိုနှိပ်ပြီး Run box ကို ခေါ်ပါ။ Run box မှာ control ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Control Pannel ကိုဖွင့်ရပါမယ်။ ပြီးရင် Sound ဆိုတဲ့ icon ကို ကလစ်နှိပ်ပါ။ Sound ဆိုတဲ့ pops up တက်လာရင် Communications tab ကို နှိပ်ရပါမယ်။ ပြီးသွားရင် Do nothing ဆိုတာကို ရွေးချယ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Windows Taskbar က speaker icon ကို Right-click နှိပ်ပြီး Open Volume Mixer ဆိုတာကို ရွေးချယ်ရပါမယ်။ Volume Mixer တက်လာရင် လက်ရှိ အသုံးပြုနေတဲ့ Device ဆိုတဲ့နေရာက speaker icon ကို နှိပ်ပါ။ Speakers Properties တက်လာရင် Enhancements ဆိုတဲ့ tab ကိုနှိပ်ပြီး Loudness Equalization ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ထည့်ပေးပြီး Ok button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် maximum volume မှာ ကြားနေရတဲ့ အသံထက် ပိုကျယ်တဲ့အသံကို ကြားရမှာ ဖြစ်ပါတယ်။

-သီဟ