Windows 10 ပေါ်ကနေ Hard Drive model တွေကိုဘယ် လိုစစ်ဆေးမလဲ

Windows 10 သုံးစွဲသူတွေ အနေနဲ့ တစ်ခါတစ်လေမှာ ကိုယ်တပ်ဆင်အသုံးပြုထားတဲ့ Hard drive ရဲ့ model နံပါတ်တွေ serial number တွေကိုသိရှိဖို့ လို အပ်လာတဲ့အခါမှာ ဖော်ပြထားတဲ့ နည်းလမ်းနဲ့ အလွယ်တကူ အချက်အလက်တွေကို စစ်ဆေးနိုင်ပါတယ်။

Hard drive model တွေ နဲ့ serial number, firmware version အစရှိတာတွေကို သိရှိဖို့အတွက် command prompt ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ Command prompt ကို အသုံးပြုဖို့အတွက် ပထမဆုံး Start Button ကို နှိပ်ပါ။ ပြီးရင် cmd လို့ ရိုက်ထည့်ပြီး command prompt ကိုဖွင့်နိုင်ပါတယ်။

Command prompt ထဲရောက်ပြီဆိုရင် hard drive တွေရဲ့ basic info ကို သိလို တယ်ဆိုရင်

wmic diskdrive get model,serialNumber,size,mediaType

ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ ဒါဆိုရင်ကိုယ်တပ်ဆင်ထားတဲ့ Hard drive ရဲ့ basic info ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ပိုပြီးအချက်အလက်တွေကို စုံစုံလင်လင် သိရှိလိုတယ်ဆိုရင် advanced info အတွက် အ သုံးပြုရမယ့် command ကတော့ –

wmic diskdrive get model,index,firmwareRevision,status,interfaceType,totalHeads,totalTracks,totalCylinders,totalSectors,partitions

ဆိုတဲ့ command ဖြစ်ပါ တယ်။ ဒါဆိုရင် ကိုယ့်ကွန် ပျူတာမှာ တပ်ဆင်ထားတဲ့ hard drive ရဲ့အချက်အလက်တွေ ကို အပြည့်အစုံ ဖော်ပြပေးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««