Windows နဲ့ macOS အတွက် Photoshop Arm beta ဗားရှင်း Adobe ဖြန့်ချိ

Adobe ဟာ Windows နဲ့ macOS အတွက် Photoshop Arm ဗားရှင်းကို မိတ်ဆက်လိုက်ပါတယ်။

အခု app က beta ဗားရှင်းဖြစ်ပြီး Surface Pro X ဒါမှမဟုတ် Apple ရဲ့ M1 ချစ်ပ်ထောက်ပံ့ထားတဲ့ MacBook Pro, MacBook Air နဲ့ Mac mini တို့မှာ Photoshop ကိုအသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ Photoshop ကိုတော့ ARM ထောက်ပံ့ထားတဲ့ Windows မှာ အသုံးပြုနိုင်ပါတယ်။ macOS မှာတော့ Apple ရဲ့ Rosetta ကတစ်ဆင့် အသုံးပြုလို့ရပါတယ်။

Windows နဲ့ macOS အတွက် ဖြန့်ချိလိုက်တဲ့ Photoshop တွေလည်း စွမ်းဆောင်ရည် တိုးတက်လာပါတယ်။ ဒါပေမဲ့ beta ဖြစ်တဲ့အတွက် tool အများစု မပါဝင်ပါဘူး။ ဒါ့အပြင် content aware fill, patch tool, healing brush လိုမျိုး feature တွေမပါဝင်လာပါဘူး။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««