Window on Korea စာကြည့်တိုက်အတွက် ကိုရီးယားစာအုပ်များလှူဒါန်း

ရန်ကုန်မြို့ကိုရီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Lee Sang-hwa က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ ကိုရီးယားနိုင်ငံအစိုးရမှ လှူဒါန်းတည်ထောင်ထားသော Window on Korea စာကြည့်တိုက်အတွက် ကိုရီးယားစာအုပ် (၂၄၃) အုပ်ကို နိုဝင်ဘာလ ၇ ရက်က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကိုရီးယား-မြန်မာ သံတမန်ဆက်ဆံရေး (၄၅) နှစ်ပြည့်တဲ့ ယခုနှစ်မှာ ကိုရီးယား-မြန်မာ ဆက်ဆံရေးသည် နေ့စဉ်နှင့် အမျှ ပိုမိုခိုင်မာလာပါတယ်။ ဘာသာစကားဟာ ယဉ်ကျေးမှုနှီးနှောဖလှယ်ရေး အရှိန်မြှင့်တင်ရာတွင် အထောက်အကူပြုဖြစ်စေပါကြောင်း၊ လှူဒါန်းတဲ့ စာအုပ် ၂၄၃ အုပ်ဟာ ရန်ကုန်နိုင်ငံခြားဘာသာသာ တက္ကသိုလ်ရဲ့ကိုရီးယားဘာသာ သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန် မျှော်လင့်မိပါကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာက ပြောပါတယ်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း တက်ရောက်ခဲ့ပြီး ဝန်ကြီးနဲ့ သံအမတ်ကြီးတို့လည်း တက်ရောက်ခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««