Wi-Fi ဖြင့် ချိတ်ဆက်နိုင်သော ဗွီဒီယို လူခေါ်ခေါင်းလောင်း Ring

Ring-Wifi-Enabled-Doorbell.jpg

Ring သည် Wi-Fi ဖြင့် ချိတ်ဆက် အသုံးပြုရသော ဗွီဒီယို လူခေါ်ခေါင်းလောင်း တစ်ခုဖြစ်သောကြောင့် တံခါးနားသို့ တစ်စုံတစ်ယောက် လာသည့်အခါတိုင်း မည်သူမည်ဝါ ဖြစ်ကြောင်း မြင်တွေ့ရမည်ဖြစ်သည်။

ထို gadget တပ်ဆင်ထားသည့် တံခါးနားသို့ ရောက်ရှိ လာသူတိုင်း လူခေါ်ခေါင်းလောင်း နှိပ်လိုက်ပါက Ring နှင့် ချိတ်ဆက်ထားသော မိုဘိုင်းထုတ်ကုန်များမှ သတိပေးချက်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ထို့

နောက် သုံးစွဲသူအနေဖြင့် ၎င်းသတိ ပေးချက်များကို ဖြေကြားပါက ထုတ်ကုန်မှ live ဗွီဒီယိုကို ပြသပေးမည် ဖြစ်သည်။ Ring သည် တပ်ဆင် အသုံးပြုရာ၌ လွယ်ကူမှုရှိပြီး ၎င်းထုတ်ကုန်ကို တပ်ဆင်ရန် ဒေါက်တစ်ခုသာ လိုအပ်ကာ ခိုးယူမခံ ရစေရန်အတွက် ဝက်အူလှည့်ဖြင့် ကြပ်ထားရမည် ဖြစ်သည်။

ထို့အပြင် Ring သည် စိုထိုင်းဆ ခံနိုင်ရည်ရှိခြင်း၊ မိုးရေဒဏ် ခံနိုင်ခြင်းနှင့် အပူချိန် ပြင်းထန်ခြင်း တို့ကိုလည်း ခံနိုင်ရည်စွမ်း ရှိသည်။ Ring ကို Micro USB မှတဆင့် အားသွင်းနိုင်သလို အားတစ်ခါ သွင်းထားပါက တစ်နှစ်ခန့် အသုံးပြုနိုင်သည်။ Ring ထုတ်ကုန်သည် tablet သို့မဟုတ် စမတ်ဖုန်းဖြင့် ချိတ်ဆက်၍  အသုံးပြုရာတွင် သင့်တော်မှုရှိပြီး ဒေါ်လာ ၁၉၉.၉၉ ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

-စိုးထက်
Ref: Coolest-Gadgets