Facebook အနေနဲ့ ဗီဒီယိုတွေကို အဆင်သင့်ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးမယ့် feature သစ်ကို စမ်းသပ်နေပြီး ဗီဒီယိုတွေကို data plan မကုန်ဘဲ download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ feature အမည်က Instant Videos ဖြစ်ပြီး Wi-Fi နဲ့ချိတ်ဆက်လိုက်တာနဲ့ download ပြုလုပ်နိုင်မယ့် Facebook ဗီဒီယိုတွေ ပေါ်လာမှာပါ။ Facebook app အတွင်းရောက်သွားတာနဲ့ ဖုန်းမှာ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါမယ်။ အဲဒီ feature ကို The Next Web ရဲ့ သတင်းထောက်တစ်ဦးက တွေ့ရှိခဲ့ပြီး TechCrunch က အတည်ပြုနိုင်ခဲ့ပါတယ်။
Facebook Instant Videos coming soon? ⚡️
h/t Devesh Logendran pic.twitter.com/rNZYkbeL2r
— Matt Navarra (@MattNavarra) September 11, 2017
Instant Videos ကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ ဥပမာ ဗီဒီယို ကြည့်ရှုသူတိုးလာအောင် boost ပြုလုပ်ပေးပြီး ကြည့်ရှုတဲ့ပုံစံကို အဆင့်မြှင့်ပေးနိုင်ပါတယ်။ ဗီဒီယိုကြည့်ရှုဖို့အတွက် load time ကို စောင့်နေစရာ မလိုတော့သလို Wi-Fi ပေါ်မှာ downlaod ပြုလုပ်နိုင်တာကြောင့် cellular data ကိုသက်သာစေပြီး မိုဘိုင်းနဲ့ဗီဒီယိုကြည့်ရှုတာတွေ ပိုမိုများပြားလာနိုင်ပါတယ်။
Facebook အနေနဲ့ Instant Articles လိုမျိုး ဗီဒီယိုကြည့်ရှုမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ Instant Videos အတွင်းက လမ်းညွှန်အတိုင်း ဗီဒီယိုတွေ ပြုလုပ်တာကနေရရှိတဲ့ အကျိုးအမြတ်တစ်စုံတစ်ရာကို ထုတ်ဝေသူတွေ ရရှိနိုင်ပါတယ်။
Instant Videos တွေကို Android app အသုံးပြုတဲ့ လူအနည်းငယ်မှာပဲ စမ်းသပ်နေတယ်လို့ Facebook က အတည်ပြုခဲ့ပါတယ်။ အဲဒီ feature ဟာ Facebook ရဲ့ News Feed ထိပ်ဘက် ဒါမှမဟုတ် video hub မှာ ပါဝင်လာမလားဆိုတာကိုတော့ မသိရသေးပါဘူး။
စိုးထက်
Ref: TheVerge