Whirl Editor

news_img_5.jpg

Price : Free (Today)

Whirl Editor ဆိုတဲ့ App ကတော့ ဓာတ်ပုံတွေကို ပန်းချီဆန်ဆန် ရေဝဲပုံစံတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ iOS အတွက် ထုတ်လုပ်ထားတဲ့ App ဖြစ်ပြီး အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပေမယ့် ယနေ့အတွက်တော့ အခမဲ့ Download လုပ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ရှုခင်းပုံ ဓာတ်ပုံတွေကို ပန်းချီကားသဖွယ် မြင်ရအောင် ပြုလုပ်ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေကို ရေဝဲပုံစံ ဖန်တီးပြုလုပ်ပြီးပြီဆိုရင် ဓာတ်ပုံကိုကြည့်ရှုဖို့အတွက် Play ခလုတ်ကို ထည့်သွင်းပေးထားပြီး Pause ခလုတ်ကိုပါ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖန်တီးပြုလုပ်နိုင်တဲ့ Effect ပေါင်းများစွာကို ထည့်သွင်းပေးထားတာ ကိုလည်းတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ဖန်တီးပြုလုပ်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Facebook, Instagram အစရှိတာတွေမှာ တိုက်ရိုက်ဝေမျှနိုင်ဖို့အတွက်လည်း အထောက်အပံ့ပေးထားပါတယ်။