WhatsApp ေပၚက အားနည္းခ်က္တစ္ခုကို ေဖာ္ထုတ္ခဲ့

[ Zawgyi ]

ဖုန္းေတြေပၚမွာ Israelis spyware ထည့္သြင္းႏိုင္တဲ့ WhatsApp အတြင္းက အားနည္းခ်က္အေသးစိတ္ကုိ The Financial Times ကေဖာ္ျပခဲ့ပါတယ္။ အဲဒီအႏၲရာယ္ရွိကုတ္ကို အစၥေရးကုမၸဏီ NSO Group ကဖန္တီးခဲ့တာျဖစ္ၿပီး iOS နဲ႔ Android ေပၚက WhatsApp ကတစ္ဆင့္ သုံးစြဲသူေတြကုိ ဖုန္းေခၚဆိုၿပီး ကုတ္ကုိ ပို႔လႊတ္ႏိုင္ပါတယ္။

သုံးစြဲသူက ဖုန္းေခၚဆိုမႈကို မကုိင္တဲ့အခါမွာ အဲဒီကုတ္ကုိ ပုိ႔ႏိုင္တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ ဖုန္းေခၚဆိုမႈေတြဟာ မွတ္တမ္းကေန ေပ်ာက္ဆုံးသြားတတ္တာေၾကာင့္ သုံးစြဲသူေတြ သတိမထားမိခင္မွာဘဲ ပစ္မွတ္ထားခံရတာ ျဖစ္ပါတယ္။

အခုအားနည္းခ်က္နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကုိေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ အခု loophole ျဖစ္ေပၚေနတာ ရက္သတၱပတ္အနည္းငယ္ရွိပါၿပီ။ “အခုတိုက္ခိုက္မႈကမိုဘိုင္း operationg system ေတြရဲ႕လုပ္ေဆာင္ခ်က္ကို ထိန္းခ်ဳပ္ႏိုင္တဲ့ spyware ကုိပုိ႔ႏိုင္ဖို႔ အစိုးရနဲ႔ လက္တြဲလုပ္ကုိင္ေနတဲ့ ပုဂၢလိကပုိင္ ကုမၸဏီေတြကို ပစ္မွတ္ထားေနတယ္” လို႔ WhatsApp ကထုတ္ျပန္ထားပါတယ္။

WhatsApp အေနနဲ႔ တုိက္ခုိက္မႈအတြက္ ဖုန္းအေရအတြကဘယ္ေလာက္ ပစ္မွတ္ထားခံရတယ္ဆိုတာ သိဖုိ႔ ကုိယ္ပုိင္စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ဖို႔အတြက္ ေစာေသးတယ္လို႔ယူဆေနပါတယ္။

WhatsApp ကုိကမ႓ာတစ္ဝန္း အသုံးျပဳသူ ၁.၅ဘီလ်ံရွိၿပီး Facebook ကပုိင္ဆုိင္ထားတာ ျဖစ္ပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

ဖုန်းတွေပေါ်မှာ Israelis spyware ထည့်သွင်းနိုင်တဲ့ WhatsApp အတွင်းက အားနည်းချက်အသေးစိတ်ကို The Financial Times ကဖော်ပြခဲ့ပါတယ်။ အဲဒီအန္တရာယ်ရှိကုတ်ကို အစ္စရေးကုမ္ပဏီ NSO Group ကဖန်တီးခဲ့တာဖြစ်ပြီး iOS နဲ့ Android ပေါ်က WhatsApp ကတစ်ဆင့် သုံးစွဲသူတွေကို ဖုန်းခေါ်ဆိုပြီး ကုတ်ကို ပို့လွှတ်နိုင်ပါတယ်။

သုံးစွဲသူက ဖုန်းခေါ်ဆိုမှုကို မကိုင်တဲ့အခါမှာ အဲဒီကုတ်ကို ပို့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဖုန်းခေါ်ဆိုမှုတွေဟာ မှတ်တမ်းကနေ ပျောက်ဆုံးသွားတတ်တာကြောင့် သုံးစွဲသူတွေ သတိမထားမိခင်မှာဘဲ ပစ်မှတ်ထားခံရတာ ဖြစ်ပါတယ်။

အခုအားနည်းချက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အခု loophole ဖြစ်ပေါ်နေတာ ရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။ “အခုတိုက်ခိုက်မှုကမိုဘိုင်း operationg system တွေရဲ့လုပ်ဆောင်ချက်ကို ထိန်းချုပ်နိုင်တဲ့ spyware ကိုပို့နိုင်ဖို့ အစိုးရနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတယ်” လို့ WhatsApp ကထုတ်ပြန်ထားပါတယ်။

WhatsApp အနေနဲ့ တိုက်ခိုက်မှုအတွက် ဖုန်းအရေအတွကဘယ်လောက် ပစ်မှတ်ထားခံရတယ်ဆိုတာ သိဖို့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့အတွက် စောသေးတယ်လို့ယူဆနေပါတယ်။

WhatsApp ကိုကမ႓ာတစ်ဝန်း အသုံးပြုသူ ၁.၅ဘီလျံရှိပြီး Facebook ကပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Ref: 9to5Mac