WhatsApp အသုံးပြုသူ ၂ ဘီလျံအထိရှိလာ

၂၀၁၄ ခုနှစ်မှာ Facebook က WhatsApp ကို ဒေါ်လာ ၂၁.၈ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီအချိန်က သုံးစွဲသူ သန်း ၅၀၀ ပဲရှိတဲ့ WhatsApp ကို အလွန်များပြားတဲ့ ငွေကြေးပမာဏနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် WhatsApp အသုံးပြုသူ ၄ ဆများပြားလာပြီ ဖြစ်ပါတယ်။ အခုအခါမှာ WhatsApp အသုံးပြုသူ ၂ ဘီလျံ အထိ ရှိလာပြီ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း WhatsApp သုံးစွဲသူအလွန်များပြားလာပြီး ၂၀၁၈ ခုနှစ်မှာ app အသုံးပြုသူ ၁ ဘီလျံရှိကာ ၂၀၁၈ ခုနှစ်မှာတော့ ၁.၅ ဘီလျံ ရှိလာပါတယ်။ WhatsApp ဟာ end-to-end encryption ကိုအသုံးပြုထားပြီး message တွေကို cloud မှာမဟုတ်ဘဲ သုံးစွဲသူ ထုတ်ကုန်မှာပဲ သုံးစွဲထားပါတယ်။ အခုအချက်ကြောင့် အခြား app တွေအစား လူတွေက WhatsApp ကိုရွေးချယ်အသုံးပြုကြပါတယ်။ WhatsApp ရဲ့အဓိက ဦးစားပေးက လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက် ထိန်းသိမ်းရေးပဲ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena