
ဒီလအစောပိုင်းမှာ WhatsApp ဟာ contact တစ်ခုကို message forward လုပ်တဲ့အကြိမ်ရေကို လျှော့ချခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလအတွင်း WhatsApp မှာ သတင်းတုတွေ တိုက်ဖျက်ဖို့ အခု feature ကိုဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ feature ကိုဖြန့်ချိအပြီး ဝန်ဆောင်မှုအတွင်း အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ တွေ့ရတယ်လို့ WhatsApp ကထုတ်ပြန်သွားပါတယ်။ WhatsApp မှာ message တွေကို forward ပြုလုပ်မှု ၇၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
WhatsApp မှာ message (၅) ကြိမ် ထက် ကျော်လွန်တဲ့ forward ပြုလုပ်မှုကို forward ပြုလုပ်မှုအများဆုံး message အဖြစ် သတ်မှတ်ထားပါတယ်။
၂၀၁၈ ခုနှစ်မှာ WhatsApp က တစ်ကြိမ်မှာ message ပေးပို့နိုင်တဲ့ လူအရေအတွက် ကန့်သတ်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature ကို အိန္ဒိယမှာ ဖြန့်ချိတဲ့အခါမှာတော့ message တစ်ခုကို လူ ၅ ဦးဆီပဲ ပို့နိုင်အောင် ကန့်သတ်ခဲ့တယ်။ အဲဒီကာလတုန်းက message ကို forward ပြုလုပ်မှု ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။
စိုးထက်
Ref: TheNextWeb
သင်သိပါသလား? မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်ရုံပဲဆိုတာ . . .