WhatsApp ဝက်ဘ်ဆိုက်နဲ့ desktop app မှာ biometric လုံခြုံရေးစနစ်ပါဝင်လာ

WhatsApp ဟာ ဝက်ဘ်ဆိုက် ဒါမှမဟုတ် desktop မှာ sign in လုပ်တဲ့အခါ biometric စနစ်နဲ့ လုံခြုံရေးအတည်ပြုမှု လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Android နဲ့ iOS သုံးစွဲသူတွေအတွက် ဖြန့်ချိလိုက်ပါတယ်။

အခု လုပ်ဆောင်ချက်ကြောင့် WhatsApp အတွက် ဝက်ဘ်ဆိုက်/ desktop client ထဲမဝင်မီ ဖုန်းပေါ်က app ထဲမှာ biometric လုံခြုံရေးအတည်ပြုမှုကို ပြုလုပ်ပေးရပါမယ်။ အဲဒီစနစ်ထဲမှာ face unlock စနစ်လည်း ပါဝင်လာပါတယ်။ သုံးစွဲသူက ဖုန်းမှာ အတည်ပြုပြီးတာနဲ့ desktop မျက်နှာပြင်မှာ QR code scanner ပေါ်လာပါမယ်။

WhatsApp အနေနဲ့ သုံးစွဲသူရဲ့ biometric အချက်အလက်ကိုတော့ တိုက်ရိုက်သုံးစွဲခွင့် မရှိဘဲ အတည်ပြုမှုအတွက်ပဲ အသုံးပြုခွင့်ပေးပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««