WhatsApp မှာ Facebook Messenger Rooms ပါဝင်

ပြီးခဲ့တဲ့လက Facebook ဟာ Messenger Rooms feature ကိုဖြန့်ချိလိုက်ပါတယ်။ အခုအခါမှာတော့ Facebook ပိုင်ဆိုင်တဲ့ WhatsApp မှာ Messengere Rooms ကို ထည့်သွင်းလိုက်ပြန်ပါတယ်။

Facebook ဟာ Android အတွက် WhatsApp 2.20.163 beta ဗားရှင်းမှာ Messenger Rooms ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ အဲဒီ feature ကို chat အတွင်းက share menu မှာ “Room” ကို အသုံးပြုနိုင်ပါတယ်။ Room က Messenger နဲ့အခန်းတစ်ခုဖန်တီးကာ လူအယောက် ၅၀ အထိ group video call ခေါ်ဆိုနိုင်ပါတယ်။

WhatsApp က Calls tab ကနေလည်း Messenger Room အတွက် shortcut ဖန်တီးနိုင်ပါသေးတယ်။
အခု feature ကိုနိုင်ငံတချို့က beta သုံးစွဲသူတချို့ပဲ အသုံးပြုနိုင်သေးပေမယ့် အခြားနိုင်ငံတွေဆီ မကြာမီ တိုးချဲ့သွားဖို့ ရှိပါတယ်။

စိုးထက်
Ref: GSMArena