WhatsApp မှာ face unlock ထောက်ပံ့မှု ပါဝင်လာနိုင်

Android မှာထွက်ရှိမယ့် WhatsApp မှာ feature အသစ် ၂ မျိုး ပါဝင်လာနိုင်ပါတယ်။ ပထမဆုံး feature ကတော့ group call တွေ မသိလိုက်သူတွေအတွက် ဖြစ်ပြီး ဒုတိယ တစ်ခုကတော့ Google Pixel 4 သုံးစွဲသူအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

သတင်းအချက်အလက် ဖော်ထုတ်သူ WABetaInfo ကတော့ သုံးစွဲသူတွေက လုပ်ဆောင်ချက်အသစ်ကနေ လွဲသွားတဲ့ group call သိနိုင်ပါမယ်။ တကယ်လို့ တစ်စုံတစ်ယောက် မအားသူကို ဆက်သွယ်မိရင် နောက်တစ်ကြိမ်မှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ call ကို join ဒါမှမဟုတ် ignore လုပ်နိုင်ပါတယ်။

နောက် feature တစ်ခုကတော့ WhatsApp ပေါ်မှာ fingerprint lock ပါဝင်လာမယ်လို့ build အရ သိရပါတယ်။ ဒါ့အပြင် whatsApp မှာ face unlock အသုံးပြုနိုင်ဖို့ “Biometric lock” ကိုလည် တိုးချဲ့ဖွယ်ရှိပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««