WhatsApp နဲ့ cross-chat လုပ်နိုင်မယ့် Facebook Messenger လုပ်ဆောင်ချက်

Facebook ဟာ Facebook ရဲ့အခြား app တွေမှာ WhatsApp ကိုထည့်သွင်းဖို့ စီစဉ်နေပါတယ်။ Facebook Messenger နောက်ဆုံးဗားရှင်းမှာ သက်သေတစ်ချို့တွေ့တယ်လို့ WABetaInfo ကဖော်ပြခဲ့ပါတယ်။

Facebook Messenger နဲ့ WhatsApp သုံးစွဲသူတွေကို ပေါင်းစည်းပေးမယ့် ကာလရှည်စီမံကိန်းရဲ့ ကနဦးခြေလှမ်းဖြစ်လာနိုင်ပါတယ်။ ဝန်ဆောင်မှု ၂ ခုအကြား ကွာခြားချက်က WhatsApp က စကားပြောထားတဲ့ အချက်အလက်တွေကို end-to-end encryption (ကြော်ငြာလည်းမပါဝင်) နဲ့သိမ်းဆည်းပါတယ်။ WhatsApp ကိုထုတ်ကုန်တစ်ခုတည်းမှာပဲ သုံးနိုင်ပါတယ်။

Facebook Messenger ပေါ်က local database ပေါ်က ဇယားနဲ့ဖန်တီးထားတဲ့ ရည်ညွှန်းမှုတွေက message နဲ့ ဝန်ဆောင်မှုကို စီမံပေးတယ်။ Facebook Messenger ပေါ်မှာ WhasApp ပါဝင်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ချက်တွေကို ပါဝင်မလဲဆိုတာကို ဖော်ပြပေးပါတယ်။
စိုးထက်
Ref: GSMArena