What is Logistics 4.0? ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်​

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ “What is Logistics 4.0?” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ဒီဇင်ဘာ ၂၈ ရက်၊ ညနေ ၆ နာရီမှ ၇ နာရီအထိ WebinarJam (Online Platform) ကို အသုံးပြုပြီး ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ Logistics Technology SIG ရဲ့ Coordinator ဒေါက်တာမျိုးမင်းအောင်က ဆွေးနွေးဟောပြောသွားမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ http://tiny.cc/SIG10 မှာ Register ပြုလုပ်နိုင်မှာဖြစ်ပြီး ဟောပြောပွဲနေ့ မတိုင်မီ Register ပြုလုပ်ပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ ထည့်သွင်းထားတဲ့ email ကို Live Room Link ရောက်ရှိမှာဖြစ်ပါတယ်။ အဆိုပါ Live Room Link ကို ဟောပြောပွဲနေ့မှာနှိပ်ပြီး ပွဲသို့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကျင်းပတဲ့နေ့မှာ Register ပြုလုပ်မယ့်သူတွေအနေနဲ့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ ပွဲကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««