Whale အမည်ရ meme ဖန်တီးနိုင်မယ့် app ကို Facebook ဖြန့်ချိ

ပြီးခဲ့တဲ့အပတ်က Facebook ဟာ Whale လို့အမည်ရတဲ့ meme ဖန်တီးနိုင်တဲ့ app ကို တိတ်တဆိတ်ဖြန့်ချိခဲ့တယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။

Whale ကို ကနေဒါ App Store မှာပဲ တင်ထားတာ ဖြစ်ပါတယ်။ Whale မှာ ဓာတ်ပုံများစွာပါဝင်တဲ့ library တစ်ခုနဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို တည်းဖြတ်နိုင်တယ်လို့ အညွှန်းမှာ ရေးသားထားပါတယ်။ ဖန်တီးလိုက်တဲ့ meme တွေကို Instagram နဲ့ Messenger လိုမျိုး လူမှုရေးမီဒီယာ platform တွေမှာ ဝေမျှနိုင်ပါမယ်။

Whale ကို Facebook ရဲ့ New Product Experimentation (NPE) အဖွဲ့က ဖန်တီးထားတာ ဖြစ်ပါတယ်။ NPE ကို ဒီနှစ်အစောပိုင်းမှာ စတင်ခဲ့ပြီး Facebook အတွက် စမ်းသပ် app တွေတည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ app တွေက အလွန်အမင်း ပြောင်းလဲနိုင်တာ ဒါမှမဟုတ် အသုံးမဝင်တော့တဲ့အခါ app တွေကို ပိတ်သိမ်းမယ့် မျှော်မှန်းချက်သတ်မှတ်ဖို့ သီးခြားအမှတ်တံဆိပ်ကို အသုံးပြုတာလို့ Facebook ကပြောခဲ့ပါတယ်။ NPE ဟာ Bump နဲ့ Aux အမည်ရ app နှစ်ခုကိုလည်း ဖြန့်ချိခဲ့ပါတယ်။ အဲဒီ app တွေက လူတွေနှစ်သက်တဲ့ feature တွေနဲ့ ဝန်ဆောင်မှု ရှာဖွေဖို့ ကုမ္ပဏီကို ကူညီပေးဖို့ ရည်ရွယ်တယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge