
Amazon ဟာ Bethesda ကထုတ်တဲ့ နာမည်ကျော် ကမ္ဘာပျက် RPG ဂိမ်းအခြေခံ Fallout တီဗွီစီးရီးကို ဖန်တီးသွားပါမယ်။
အဲဒီစီးရီးကို Kilter Films က Amazon Prime မူရင်းအဖြစ် ထုတ်လုပ်ပါမယ်။ အခုစီမံကိန်းက Amazon နဲ့ သဘောတူညီမှုရယူထားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် Westworld ဖန်တီးရှင် လီဆာဂျိုင်းနဲ့ ဂျိုနသန်နိုလန်ဆီက ထွက်ပေါ်လာတာ ဖြစ်တယ်လို့ The Hollywood Reporter ကဖော်ပြခဲ့ပါတယ်။
Bethesda Game Studios ရဲ့ တော့ဟောင်းဝပ်နဲ့ Bethesda Softworks က ဂျိမ်းအော့မန်းတို့ကလည်း စီမံကိန်းက အမှုဆောင်ထုတ်လုပ်သူတွေ အဖြစ်ပါဝင်ပါမယ်။ Fallout တီဗွီစီးရီးကလည်း အစောပိုင်း အကောင်အထည်ဖော်မှု အစိတ်အပိုင်းမှာပဲ ရှိပါသေးတယ်။
-စိုးထက်
Ref: TheVerge