Wechip W2 PRO Air Mouse

Android Box တွေနဲ့ တွဲသုံးနိုင်သလို Window, Mac, Linux စတာတွေမှာလည်း အသုံးပြုနိုင်တဲ့ Wechip W2 PRO Air Mouse ဖြစ်ပါတယ်။ Smart TV တွေက အစ Tablet သာမက Android Box သုံးသူတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Smart TV နဲ့ Android Box တွေမှာ You Tube လိုမျိုးမှာ ကိုယ်ကြည့်ချင်တဲ့ အကြောင်းအရာတွေကိုရှာဖွေဖို့ စာရိုက်ရတဲ့အခါမျိုးမှာ မူလပါတဲ့ Remote control နဲ့ အဆင်မပြေသလို ချောမွေ့မှုမရှိတဲ့အတွက် Mouse, Keyboard တပ်ပြီးသုံးရတာ‌တွေကို ဖြေရှင်းပေးနိုင်တဲ့ အလွန်အသုံးဝင်တဲ့ ပစ္စည်း‌ဖြစ်ပါတယ်။။ 2.4GHz Fly Mouse Wireless Mini Keyboard with TouchPad ဖြစ်လို့ ကြိုးမဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google Assistant ပါဝင်တဲ့အတွက် Google ရှာဖွေမှုနဲ့ TV Show နဲ့ App ရှာဖွေခြင်းတွေ အတွက် အသံနဲ့ စေခိုင်းရှာဖွေနိုင်မှာဖြစ်ပါတယ်။ ဆယ်မီတာအကွာအဝေးကနေ အသုံးပြုနိုင်ပြီး Wireless Modulation Method ကတော့ GF SK ဖြစ်ပါတယ်။ ခလုတ် ၅၉ ခုပါဝင်ပြီး ဘက်ထရီအနေနဲ့ 500mAh/ 3.7V Lithium ကိုအသုံးပြုထားကာ Micro USB နဲ့ ချိတ်ဆက်ပြီး အားပြန်သွင်းနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 193 x 96 x 16.7 mm ဖြစ်ပြီး အလေးချိန်က 155g ရှိပါတယ်။

တန်ဖိုးက ၂၅,၀၀၀ ကျပ် ဖြစ်ပါတယ်။ Current Android TV Box Store (မန္တလေး) ဖုန်း ၀၉ ၇၉ ၁၉ ၇၄၇၈၄ နဲ့ ဓနဝဆောစတိုး(ရန်ကုန်) ဖုန်း – ၀၉၉၅၃၀၂၆၂၆၂ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««